နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်တာနက်ပေါ် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို စောင့်ကြည့်အရေးယူဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီဖွဲ့

နိုဝင်ဘာလ (၁၃)ရက်။

အင်တာနက်ပေါ်မှာ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အင်တာနက်ပေါ်မှာ သတင်းတု၊ သတင်းမှားတင်တာ၊ မဖွယ်မရာတင်တာနဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာကို ဥပဒေကြောင်းအရ ဖော်ထုတ်အရေးယူဖို့ စစ်ကော်မရှင်က ဩဂုတ်လ (၁၄)ရက်နေ့ရက်စွဲနဲ့ အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့တာပါ။

စစ်ကော်မရှင်ဖွဲ့စည်းတဲ့ ကော်မတီမှာ ပြည်ထဲရေးဒုဝန်ကြက ဥက္ကဋ္ဌ၊ ပို့/ဆက်ဒုဝန်ကြီးက ဒုဥက္ကဋ္ဌနဲ့ ဒုရဲချုပ်(၂)က အတွင်းရေးမှူးအပြင် စုစုပေါင်း (၁၁)ဦးနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီကော်မတီရဲ့ လုပ်ငန်းတာဝန်ထဲ အင်တာနက်ပေါ်မှာ သတင်းတု၊ သတင်းမှားတင်တာ၊ မဖွယ်မရာတင်တာနဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို အရေးယူဖို့ ပညာရှင်တွေပါဝင်တဲ့ အဖွဲ့ဖွဲ့ပြီး (၂၄)နာရီစောင့်ကြည့်ဖို့ ပါဝင်ပါတယ်။

နောက်ပြီး အဲ့ဒီအကြောင်းအရာတွေအပေါ် အားပေးအားမြှောက်ပြုတာတွေကို ရှာဖွေဖော်ထုတ်ပြီး တားမြစ်ဖို့နဲ့ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ ညွှန်ကြားထားပါသေးတယ်။

ဒါ့အပြင် အင်တာနက်ပေါ်မှာ သတင်းတု၊ သတင်းမှား ဖော်ပြနေတာတွေကို အဖွဲ့ဖွဲ့ပြီး တန်ပြန်ဆောင်ရွက်ဖို့ကိုလဲ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ကော်မရှင်ဟာ ကျူးလွန်သူတွေ အသုံးပြုတဲ့ ဖုန်းနံပါတ်တွေ ပိတ်သိမ်းတာနဲ့ ဘဏ်အကောင့်တွေ ယာယီတားဆီးနိုင်ဖို့ကိုလဲ ပို့/ဆက်ဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ထုတ်ပြန်ထားပါတယ်။

အခုအခါ စစ်တပ်က ဆက်သွယ်ရေးအော်ပရေတာတွေကို ထိန်းချုပ်ပြီး နိုင်ငံတဝန်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်တာအပြင် အင်တာနက်အသုံးပြုတာကို ထိန်းချုပ်နိုင်ဖို့ တရုတ်ကနေ နည်းပညာအကူအညီတွေ ရယူထားတာပါ။

အခုနှစ်ထဲ နိုင်ငံတဝန်း စစ်တပ် အင်တာနက်ဖြတ်တောက်ထားတဲ့ မြို့နယ်အရေအတွက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ (၁၃၁)မြို့နယ်ရှိခဲ့တယ်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့