နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

မြန်မာနိုင်ငံမှ ထောင်နဲ့ချီရှိသည့်ကောလ်စင်တာ၏ သားကောင်ဖြစ်သူများကို ပြန်လွှတ် ပေးတော့မည်

ကြာသပတေးနေ့၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊

နယ်ခြားစောင့်တပ် BGF သည် လိမ်လည်သူများကို နှိမ်နင်းရန်နှင့် တရားစွဲဆိုရန်အတွက် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမည်ဟု တာဝန်ရှိသူများက ပြောသည်။

ထိုင်းနှင့် မြန်မာ အစိုးရတို့သည် နယ်စပ်မြို့များတွင် လိမ်လည်လှည့်ဖြားသည့် ခေါ်ဆိုရေး စင်တာများတွင် အလုပ်လုပ်ကိုင်ရန် လှည့်စားခံခဲ့ရသော ထိုင်း နိုင်ငံသား ၂၆၁ ဦးကို ပြန်လည်လက်ခံရန် ပူးပေါင်းဆောင်ရွက်နေကြောင်း ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး ဖွန်သမ် ဝီချာရာချိုင်း (Phumtham Wechayachai) က ဗုဒ္ဓဟူးနေ့တွင် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံမှ သားကောင်အလုပ်ခံရသူ ၇၀၀၀ ခန့်ကို နောက်တကြိမ် ထိုင်ဖက်သို့ပို့ပေးရန် စီစဉ်နေပြီး လွတ်မြောက်လာပြီးနောက် သူတို့အား ထိုင်းအစိုးရသည် ၎င်းတို့၏ မိခင်နိုင်ငံများ နှင့် ညှိနှိုင်းကာ တာ့ခ်ခရိုင်တွင် ဆက်လက်ကြန့်ကြာစွာထားနေရခြင်း မရှိစေရန်အတွက် စီစဥ် နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစိုးရသည် အာဖရိက၊ လက်တင်အမေရိက၊ ဥရောပနှင့် အာရှနိုင်ငံများရှိ ဂျပန်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများရှိသံရုံးများနှင့်ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင် ထိန်းသိမ်း ခိုင်းစေခံ ထားရ သည့် ၎င်းတို့၏ နိုင်ငံသားများနေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ ဆက်သွယ် ထားကြောင်း ဖွန်သမ် ကဆိုသည်။

လွတ်မြောက်လာပြီးနောက်တွင် အဆိုပါသားကောင် ဒုက္ခသည်များကို မည်သည့်နိုင်ငံသား များဖြစ်သည်ကို ခွဲခြားပြီးနောက် ထိုင်းနိုင်ငံတွင် နေစရာ မလိုဘဲ စင်းလုံးငှား လေယာဉ် ခရီးစဥ်များ ဖြင့် ၎င်းတို့၏ မွေးရပ်မြေသို့ ချက်ချင်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနယ်ခြားစောင့်တပ် (BGF) မှ မြဝတီမြို့နယ်အတွင်း လှုပ်ရှားနေသော တရုတ်ဂိုဏ်းများ ကို နှိမ်နင်းရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိပြီး ခန့်မှန်းခြေလူပေါင်း တစ်သောင်း ( ၁၀၀၀၀) ခန့် ရှိမည်ဟု ဖွန်သမ် က ဆက်လက်ပြောသည်။

BGF တပ်မှူးများ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပြီး အဆိုပါ ဂိုဏ်းဝင်များကို တရုတ်နိုင်ငံသို့ ပြန်လည် လွှဲအပ်ရန် ထိုင်းနိုင်ငံကို လမ်းကြောင်းအဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ရက်ပေါင်း ၂၀ တာကာလအတွင်း BGF သည် တာ့ခ်ခရိုင် မဲဆောက်ခရိုင်ရှိ  ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၂)တံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် လူ ၅၀၀ ပို့လွှတ် ပေးရန် စီစဉ်ထားပြီး ထိုင်းအစိုးရ၏ အတည်ပြုချက်ကိုစောင့်ဆိုင်းနေသည်။

နိုင်ငံတကာလုံခြုံရေးစိုးရိမ်စရာဖြစ်လာသည့် ကြီးထွားလာနေသော ကော်စင်တာ လိမ်လည် ဂိုဏ်းများကို ကိုင်တွယ်ဖြေရှင်းရန် BGF ၏ ကတိကဝတ်ကို သက်သေပြရန် ဖြိုခွဲမှုအား ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) မှ စတင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံမှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဖုန်းခေါ်ဆို၍ လိမ်လည်မှုကို တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံ နယ်စပ်ဒေသ ငါးခုသို့ လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီ ထောက်ပံ့မှု ဖြတ်တောက်လိုက်ပြီးနောက် BGF ကတုံ့ပြန်လိုက်လျောလုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ပိတ်ပင်ခံရသည့်သက်ရောက်ဧရိယာများတွင် တာချီလိတ်၊ မြဝတီ နှင့် ဘုရားသုံးဆူ မြို့နယ်များ ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 79 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 92 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌအိမ်ဘေးမှာ လူငယ် (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 22 Views
မတ်လ (၃၀)ရက်။ ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၃)ဦးဟာ ဟားခါးမြို့ထဲနေသူတွေဖြစ်ပြီး မတ်လ
မြန်မာသတင်း

၂၀၀၈ခြေ/ဥကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ် ရဲဝင်းဦး ပြော

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 21 Views
မတ်လ (၃၀)ရက်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ မိန့်ခွန်းထဲ
မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 16 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချုပ်ခန်းထဲ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟာ
မြန်မာသတင်း

စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ် ပြောင်းလဲခန့်အပ်တာတွေပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 18 Views
ရဲဝင်းဦး တပ်ချုပ်အသစ်အနေနဲ့ ခန့်အပ်ခံရ မတ်လ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်နေရာတွေ ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ တပ်ချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတပ်ချုပ်ရာထူးအတွက်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
မြန်မာသတင်း

ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ်

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 36 Views
ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ် မတ်လ (၂၈)ရက်။ ရခိုင်ဒေသ မြိုသိမ်းတိုက်ပွဲတွေပြီးနောက် စစ်ကော်မရှင်အပါအဝင် အကြမ်းဖက်အဖွဲတွေနဲ ဆက်စပ်တဲ့ နေအိမ်တွေကို AA က လုပ်ထုံးလုပ်နည်းနဲ့တွေနဲ့အညီ ချိတ်ပိတ်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီလို