နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်

အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ ပါဝင်ရမည်ဖြစ်ကြောင်း အီရန်က ပြောကြားလိုက်သည်။

“ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးမယ့် အပြီးသတ်နဲ့ ရေရှည်တည်တံ့တဲ့ သဘောတူညီချက်တစ်ခုဆီ ရောက်ရှိဖို့အတွက် ကျူးကျော်သူတွေအနေနဲ့ လက်ဘနွန်ရဲ့ သိမ်းပိုက်ခံ နယ်မြေအားလုံးကနေ ဆုတ်ခွာပေးဖို့ လိုအပ်ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါရီ (Esmaeil Baghaei) က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြောင်း အီရန်တရားဝင်သတင်းအေဂျင်စီ IRNA ၏ ဖော်ပြချက်အရ သိရသည်။

ထို့အပြင် နားလည်မှုစာချွန်လွှာ၏ ပထမဆုံးအပိုဒ်ဖြစ်သော လက်ဘနွန်အပေါ် အစ္စရေး၏ စစ်ပွဲနှင့် စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးများကို အဆုံးသတ်ရန်ဆိုသည့် အချက်ကိုလည်း အပြည့်အဝအကောင်အထည်ဖော်ရန် အီရန်က အခိုင်အမာတောင်းဆိုထားကြောင်း ဘာဂါရီက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါ နားလည်မှုစာချွန်လွှာ၏ ပထမအပိုဒ် တွင် “လက်ဘနွန်နိုင်ငံ အပါအဝင် စစ်မျက်နှာအားလုံး၌ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများကို ချက်ချင်းနှင့် အပြီးတိုင် ရပ်စဲရန်” တောင်းဆိုထားသည်။

၎င်းအပြင် “အပြီးသတ်သဘောတူညီချက်သည် လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံး၌ စစ်ပွဲကို အပြီးတိုင်ရပ်စဲကြောင်း အတည်ပြုပေးလိမ့်မည်” ဟု ဖော်ပြထားသော်လည်း၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်တောင်ပိုင်းမှ ဆုတ်ခွာပေးရန်ဟူ၍မူ အတိအလင်း ထည့်သွင်း တောင်းဆိုထားခြင်း မရှိပေ။

တနင်္ဂနွေနေ့တွင်ပင် အီရန်၏ ထိပ်တန်းဆွေးနွေးညှိနှိုင်းရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် (Mohammad Bagher Ghalibaf) က “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က လက်ဘနွန်ကစစ်ပွဲကို အဆုံးသတ်ဖို့၊ နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေ သူတို့အိမ်တွေကို ပြန်လာနိုင်ဖို့၊ ကျူးကျော် သိမ်းပိုက်မှုကို အဆုံးသတ်ဖို့နဲ့ ဇီယွန်ဝါဒီအစိုးရ (အစ္စရေး) တပ်ဖွဲ့တွေ လက်ဘနွန်ပိုင်နက် ကနေ ဆုတ်ခွာသွားစေဖို့ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒီကိစ္စကို ပြတ်ပြတ်သားသား ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ဂါလီဘတ်ဖ်က လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံ၏ သြဇာအရှိဆုံး ရှီအာအရာရှိလည်းဖြစ်သူ နာဘီ ဘာရီ (Nabih Berri) ကို ပြောကြားခဲ့သည်။

မြေပြင်အခြေအနေ – အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ လူမှုအသိုက်အဝန်းများအပေါ် အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က ဆက်လက်ခြိမ်းခြောက်နေမှုကို အကြောင်းပြ လျက် အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းမှ ၎င်း၏တပ်ဖွဲ့များကို ရုပ်သိမ်းရန် စဉ်ဆက် မပြတ် ငြင်းဆန်ထားသည်။

သောကြာနေ့က အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လက်ဘနွန်စစ်တပ် (LAF) အနေဖြင့် လက်ဘနွန်တောင်ပိုင်းရှိ ဇုန်များကို တဖြည်းဖြည်းချင်း လွှဲပြောင်းထိန်းချုပ်သွားမည့် လုပ်ငန်းစဉ်တစ်ခုကို သဘောတူညီခဲ့ကြသည်။

သို့သော် ယခုအချိန်အထိ လက်ဘနွန်စစ်တပ်သည် ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက် ဖြုတ်သိမ်း ရန် သို့မဟုတ် လက်ဘနွန်တောင်ပိုင်းမှ ၎င်းတို့၏ တိုက်ခိုက်ရေးသမားများကို ဆုတ်ခွာ သွား စေရန် ဖိအားပေးနိုင်ခြင်း မရှိသေးပေ။

တနင်္ဂနွေနေ့က လက်ဘနွန်တောင်ပိုင်းရှိ ပျက်စီးသွားသော အဆောက်အအုံတစ်ခုပေါ်တွင် အစ္စရေးအလံတစ်ခု လွှင့်ထူထားစဉ်။ (ဓာတ်ပုံ – Ohad Zwigenberg/AP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို