နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲထဲ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU ထုတ်ပြန်

ဇူလိုင်လ (၁၄)ရက်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့ ဥကရစ်ထကျေးရွာအနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA၊ KNDO နဲ့ PDF တို့က ဇူလိုင်လ (၁၂)ရက်နေ့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲထဲ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာရှိခဲ့ပေမယ့် အသေးစိတ်ကိုတော့ KNU က ထုတ်ပြန်ထားတာမရှိပါဘူး။

ဥကရစ်ထတပ်စခန်းဟာ ဝေါလေ-မြဝတီလမ်းပိုင်းက ပင်မထောက်ပို့တပ်စခန်းဖြစ်ပြီး စစ်ကောင်စီရဲ့ “ သက်ရှိစည်းရိုး” အမည်နဲ့ ဝါဒဖြန့် ရုပ်ရှင်ဇတ်ကား ရိုက်ကူးတာမှာ နာမည်ကြီးတဲ့ စခန်းတခုပါ။

စခန်းသိမ်းတိုက်ပွဲထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုင်းစစ်တပ်က ဆေးကုသပေးတာနဲ့ လူသားစာနာမှုအကူအညီတွေနဲ့ လက်ခံပေးထားတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရဲတပ်ဖွဲ့ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့် အင်ဒိုနီးရှားတစ်ဝှမ်းတွင် တင်းမာမှုများ မြင့်တက်လာခြင်း။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 7 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁ရက် ဂျကာတာ၊ အင်ဒိုနီးရှားAPသတင်း။  အင်ဒိုနီးရှားနိုင်ငံ တစ်ဝှမ်းရှိ မြို့အများအပြားတွင် ဆန္ဒပြပွဲများ ပြင်းထန်လာပြီး လွှတ်တော်အမတ်များ၏
တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း

တရုတ်သမ္မတနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြောင်း တရုတ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 80 Views
သြဂုတ်လ (၃၀) ရက်။ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဒီနေ့ ဩဂုတ်လ ၃၀ ရက်မှာ တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက
မြန်မာသတင်း

အခုလတတိယပတ်ထဲ စစ်တပ်ဘက်က အလင်းဝင်လာသူ (၁၈၂)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 88 Views
ဩဂုတ်လ (၂၉)ရက်။ အခုလ တတိယပတ်ထဲ စစ်တပ်ဘက်က အလင်းဝင်လာတဲ့ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း (၁၈၂)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဘက်က အလင်းဝင် ပူးပေါင်းလာသူတွေထဲ စစ်သား (၁၀၁)ဦးရှိခဲ့ပြီး
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဂုတ်ထိပ်တံတား ပျက်စီးတဲ့အပေါ် NUG ပြင်းထန်စွာရှုံ့ချ

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 90 Views
ဩဂုတ်လ (၂၉)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဂုတ်ထိပ်တံတား ပျက်စီးတဲ့အပေါ် NUG ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့(IBHA)က မနေ့က ပြင်းထန်စွာရှုံ့ချထားတယ်လို့ သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်းရဲ့ ကြားကာလအမွေအနှစ်ဖြစ်တဲ့ ဂုတ်ထိပ်တံတား ပျက်စီးတာအတွက် IBHA အနေနဲ့
မြန်မာသတင်း

ခုခံတော်လှန်စစ် အောင်ပွဲဆက်ရဖို့ PDF တပ်မှူးကြီးတွေ အစည်းအဝေးပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 82 Views
ဩဂုတ်လ (၂၉)ရက်။ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၃)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ PDF တပ်မှူးကြီးတွေ အစည်းအဝေးကို ‌(၃)ရက်ကြာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို စစ်ဦးစီးချုပ် အမှူးပြုပြီး
မြန်မာသတင်း

အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသကို ပြန်လည်ထိန်းချုပ်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 67 Views
ဩဂုတ်လ (၂၉)ရက်။ တော်လှန်ရေးတပ်‌တွေ စိုးမိုးထားတဲ့ မတ္တရာဒေသရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ TNLA နဲ့ MDY-PDF ပူးပေါင်းအဖွဲ့တို့ဟာ မတ္တရာဒေသကို သိမ်းပိုက်နိုင်ဖို့ အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ရာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်က KNU ကို မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုဆိုပြီးကြေညာ

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 67 Views
သူခိုးက လူပြန်ဟစ်တာလို့ KNU ပြန်လည်တုံ့ပြန်ထား ဩဂုတ်လ (၂၉)ရက်။ အကြမ်းဖက်စစ်တပ်က ကရင်အမျိုးသားအစည်းအရုံး(KNU)ကို မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုဆိုပြီး မနေ့ကရက်စွဲနဲ့ ကြေညာခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအမိန့်ကြေညာစာကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ(င)နဲ့ ပုဒ်မ(၇၂)၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်အရဆိုပြီး
မြန်မာသတင်း

ရေဖြူမြို့ (၆)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 28 ရက်
  • 115 Views
ရေဖြူမြို့ (၆)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့ ဩဂုတ်လ (၂၈)ရက်။ ဩဂုတ်လ (၁၉)ရက်နေ့ကစပြီး ရေဖြူမြို့မှာ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်နဲ့ ညီနောင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။