နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲထဲ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU ထုတ်ပြန်

ဇူလိုင်လ (၁၄)ရက်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့ ဥကရစ်ထကျေးရွာအနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA၊ KNDO နဲ့ PDF တို့က ဇူလိုင်လ (၁၂)ရက်နေ့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲထဲ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာရှိခဲ့ပေမယ့် အသေးစိတ်ကိုတော့ KNU က ထုတ်ပြန်ထားတာမရှိပါဘူး။

ဥကရစ်ထတပ်စခန်းဟာ ဝေါလေ-မြဝတီလမ်းပိုင်းက ပင်မထောက်ပို့တပ်စခန်းဖြစ်ပြီး စစ်ကောင်စီရဲ့ “ သက်ရှိစည်းရိုး” အမည်နဲ့ ဝါဒဖြန့် ရုပ်ရှင်ဇတ်ကား ရိုက်ကူးတာမှာ နာမည်ကြီးတဲ့ စခန်းတခုပါ။

စခန်းသိမ်းတိုက်ပွဲထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုင်းစစ်တပ်က ဆေးကုသပေးတာနဲ့ လူသားစာနာမှုအကူအညီတွေနဲ့ လက်ခံပေးထားတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူး ဇေယျဝတီမြိုရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး တပ်ကြပ်တဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ပဲခူးတိုင်း ဇေယျဝတီမြိုရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇေယျဝတီသကြားစက်နားက
မြန်မာသတင်း

တိုက်ပွဲကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးမပြုဖို KNDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၆)ရက်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးပြုသွားလာတာ မလုပ်ကြဖို KNDF က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကြီးနဲ့
မြန်မာသတင်း

ဆောမြိုနယ်ထဲ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ညနေ (၅)နာရီခန့်က ဆောမြိုနယ်ရှိ မိအယ်ရွာကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၄)နာရီ (၅၅)မိနစ်လောက်မှာ ဆောနယ်
မြန်မာသတင်း

မင်းအောင်လှိင်ကို ဘွဲပေးတာက ငရဲခွေးကြီးကို ဘွဲဝတ်ရုံ ဆင်မြန်းပေးတာလိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ကို ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမမှာ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲပေးခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီလို မင်းအောင်လှိင်ကို စစ်အုပ်စုခန့်ထားတဲ့ လက်အောက်ခံ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲက ဘွဲပေးခဲ့တဲ့အပေါ် ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊
မြန်မာသတင်း

ရွှေဈေးကစားတယ်ဆိုပြီး ရန်ကုန်ရွှေရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌအပါအဝင် (၃)ဦးကို စစ်ကော်မရှင်ဖမ်းဆီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၆)ရက်။ ပြည်တွင်းရွှေဈေးကွက် မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး ရန်ကုန်တိုင်း သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတိုကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က ဖမ်းဆီးခဲ့သူ (၃)ဦးဟာ ဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊
မြန်မာသတင်း

New York Times

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 49 Views
အာဏာသိမ်းပြီး နှစ်အနည်းငယ်အကြာတွင် မြန်မာ့ပြည်ပရောက်အစိုးရ အရာမရောက် ဖြစ်လာသည့်အခြေအနေသို့ ဆိုက်ရောက်နေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စစ်ကောင်စီအား ဆန့်ကျင်သည့် ဒီမိုကရေစီ လိုလားသော အစားထိုးအစိုးရအဖြစ် ဖွဲ့စည်းခဲ့သော်လည်း
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 45 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ညနေ (၅)နာရီ (၄၀)မိနစ်လောက်မှာ မြောက်ဆည်ရွာအရှေ့ထိပ်ကို တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ပေါင်(၂၀၀)ဗုံးကော၊
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 40 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya Mon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၃)ရက်နေ့