နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးတာ ကျပ်(၄၇၀၀)ဘီလီယံကျော်ရှိတယ်လို့ဆို

ဩဂုတ်လ (၁၄)ရက်။

စစ်ကိုင်းငလျင်ကြောင့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးတာ ငွေကျပ် (၄၇၇၉)ဘီလီယံကျော်ဖြစ်တယ်ဆိုပြီး စစ်အုပ်စုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီပျက်စီးဆုံးရှုံးတာတွေထဲ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ ရထားပို့ဆောင်ရေး၊ လျှပ်စစ်၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ သာသနာရေး၊ ယဉ်ကျေးမှုကဏ္ဍနဲ့ အစိုးရစက်ရုံ/အလုပ်ရုံနဲ့ ရုံးအဆောက်အဦတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

နောက်ပြီး လုနေအိမ်၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ/စီးပွားရေးလုပ်ငန်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ/ဆေးခန်းတွေ၊ စိုက်ပျိုးသီးနှံတွေ အစရှိတဲ့ ပုဂ္ဂလိကကဏ္ဍဆုံးရှုံးတာဟာ ငွေကျပ် (၃၂၀၀)ဘီလီယံကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် (၁၀)ခုမှာ သေဆုံးတာ၊ ပျောက်ဆုံတာနဲ့ ဒဏ်ရာရတာအပါအဝင် အခြေခံအဆောက်အအုံတွေ သောင်းနဲ့ချီ ထိခိုက်ပျက်စီးခဲ့ရတာပါ။

ဒီလို တိုင်းနဲ့ပြည်နယ်အလိုက် ထိခိုက်ပျက်စီးတာတွေမှာ မန္တလေးတိုင်းမှာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက နေပြည်တော်နဲ့ တတိယအများဆုံးက စစ်ကိုင်းတိုင်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ကဏ္ဍအလိုက် ပျက်စီးဆုံးရှုံးတာတွေထဲမှာလဲ အစိုးရရုံး၊ အဆောက်အဦ၊ ရုံးအသုံးအဆောင်နဲ့ ဝန်ထမ်းအိမ်ရာတွေ ပျက်စီးတာက အများဆုံးဖြစ်ပြီး လူနေအိမ်နဲ့ အဆောက်အဦတွေ ပျက်စီးတာက ဒုတိယအများဆုံးလို့ ပြောဆိုထားပါတယ်။

အခုအခါ ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြီးမြောက်အောင်မြင်စေဖို့အတွက် ကဏ္ဍအလိုက် အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ်လ (၂၈)ရက်နေ့က အင်အား (၇)ဒသမ(၇)အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ပြည်သူ ထောင်နဲ့ချီသေဆုံးကာ သောင်းနဲ့ချီတဲ့ ပျက်စီးဆုံးရှူံတာတွေရှိခဲ့ပေမယ့် အခြားငလျင်တွေနဲ့ယှဉ်ရင် သက်သာတယ်ဆိုပြီး မင်းအောင်လှိုင်က ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့