နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေဖြူမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် (၁၄)ဦး သေဆုံးခဲ့

ဩဂုတ်လ (၁၄)ရက်။

မနေ့က ရေဖြူမြို့နယ် ကော့လှိုင်းရွာကို အင်အား (၁၅၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့က နံနက် (၁၁)နာရီမှာ (၁)ကြိမ်နဲ့ နေ့လယ် (၃)နာရီမှာ (၁)ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဖြစ်တာက ရေဖြူမြို့ ကော့လှိုင်းရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာ” လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က အရာရှိ (၁)ဦးအပါအဝင် (၁၄)ဦး သေဆုံးခဲ့ပြီး (၁၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ MSRF က ပြောဆိုထားပါတယ်။

တိုက်ပွဲထဲ မွန်ပြည်တော်လှန်ရေးတပ်(MSRF)အပါအဝင် KNLA တပ်မဟာ(၆) တပ်ရင်း(၂၇)၊ ရာမညမွန်တပ်တော်(RMA)၊ ဒေါနစစ်ကြောင်း(၂)(YG‌F)၊ ဒေါနစစ်ကြောင်း(၃)(KBDF)၊ ဗျူဟာ(၃၃) ဒေါနစစ်ကြောင်းအထူးစစ်ဆင်ရေးအဖွဲ့နဲ့ ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း (KTLA)တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာရှိ စစ်တပ်ရဲ့ နမခဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရပြီး အရာရှိတွေအပါအဝင် (၁၂)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 9 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၂)ရက်နေ့က မုံရွာအခြေစိုက် စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့
မြန်မာသတင်း

ထားဝယ်ထောင်မှာ နိုင်/ကျဉ်းတစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 17 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၃)ရက်နေ့က ထားဝယ်ထောင်မှာ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 15 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ ဂန့်ဂေါ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်းဝင်းထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာ။ အဲ့ဒီမှာ
မြန်မာသတင်း

ချောင်းဦးမှာ ဆီမီးသပိတ်ပြုလုပ်ချိန် ဗုံးကြဲခံရပြီး သေဆုံးသူ (၄၀)ကျော်အထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 18 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က သီတင်းကျွတ်လပြည့်နေ့ ည (၈)နာရီအချိန် မုံရွာနဲ့ ချောင်းဦးအစပ်ရှိ ဗုံတိုရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ ပြည်သူတွေစုပြီး မီးထွန်းပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်
မြန်မာသတင်း

သီတင်းကျွတ်လပြည့်နေ့ သီပေါနဲ့ နမ္မတူကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 38 Views
အောက်တိုဘာလ (၆)ရက်။ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ ဒီကနေ့ နံနက် (၇)နာရီခွဲကျော်အချိန်က သီပေါနဲ့ နမ္မတူမြို့တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ မနက်ပိုင်း (၇)နာရီခွဲလောက်မှာ နမ္မတူမြို့နဲ့
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၅)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 49 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “ရွေးကောက်ပွဲလုပ်မှာက စကမ တရားစီရင်ရေးက တရုတ်လက်ထဲ စိုးမိုးနယ်မြေဘယ်မှာလဲ” ဖြစ်ပါတယ်၊ စစ်ကော်မရှင်တဖြစ်လဲ စစ်အုပ်စုက ရွေးကောက်ပွဲကို စိုင်းပြင်းနေပြီး ရွေးကောက်ပွဲနီးချိန် ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို စစ်ကော်မရှင်က အပိုထောက်ပံ့ကြေး တိုးမြှင့်ပေးစည်းရုံးနေတာ၊ ကြံဖွတ်ပါတီခေါင်းဆောင်ခင်ရီနဲ့ မအလတို့
မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်တာကြောင့်ဆိုပြီး ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 50 Views
အောက်တိုဘာလ (၄)ရက်။ ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေ ပြဌာန်းပြီးတဲ့အချိန်ကစပြီး  စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီက ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားစေဖို့ နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို
မြန်မာသတင်း

မင်းအောင်လှိုင် မန္တလေးရောက်ချိန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 43 Views
အောက်တိုဘာလ (၄)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇မမ ရှော့တိုက်ဒုံး (၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကညပိုင်းမှာ