နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ ကုလသံအမတ် ဦးကျော်မိုးထွန်းပြော

အောက်တိုဘာလ (၁၄)ရက်။

စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ မနေ့က ကုလသမဂ္ဂမှာပြုလုပ်တဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာကလေးငယ်တွေရဲ့ ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုဟာ ထိတ်လန့်တာတွေနဲ့ ပြည့်နှက်နေပြီး အများစုဟာ စစ်အုပ်စုရဲ့ မဆင်မခြင် ဗုံးကြဲတာတွေကြောင့် စိတ်ဒဏ်ရာတွေ ရရှိထားတယ်လို့ ဆိုပါတယ်။

မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ကလေးသူ‌ငယ်ရဲ့ အခွင့်အရေးတွေဟာ စစ်အုပ်စုရဲ့ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရပြီး ကလေးသူငယ် (၁၂၀၀)ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး UNICEF ကလဲ လူသားစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတဲ့ ပြည်သူ (၂၂)သန်းထဲမှာ (၆.၃)သန်းဟာ ကလေးသူငယ်တွေဖြစ်တယ်ဆိုတာကို သတိပေးထားတယ်လို့ ပြောဆိုထားပါတယ်။

မြန်မာရှိ ကလေးငယ်တွေအတွက် ပညာရေးကဏ္ဍမှာ ကြီးလေးစွာ ဟန့်တားခံထားရပြီး စစ်အုပ်စုက လေကြောင်းဗုံးကြဲတာတွေကို တိုးမြှင့်ကျုးလွန်လာတာနဲ့အတူ စိန်ခေါ်မှုတွေ ကြီးထားလာတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စားနပ်ရိက္ခာ မလုံလောက်တာနဲ့ အခြားကျန်းမာရေးဆိုင်ရာ အရေးပေါ်လိုအပ်ချက်တွေက သိသိသာသာ ဆုတ်ယုတ်လာသလို စစ်အုပ်စုက နိုင်ငံတကာဥပဒေတွေအပြင် ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှု (၆)ခုကိုပါ ဆက်လက်ချိုးဖောက်နေတယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအနေနဲ့ စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေကြား ကြီးလေးစွာဖြစ်ပေါ်နေတဲ့ ကွဲလွဲတာကို သတိထားပြီး လုပ်ကြံဖန်တီးနေတဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ ထည့်သွင်းတိုက်တွန်းထားပါတယ်။

အခုအချိန်မှာ နိုင်ငံတကာဆီကနေ ပိုမိုအားကောင်းပြီး ပိုမိုခိုင်မာတဲ့ နိုင်ငံရေးဆန္ဒနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်တာတွေကို အရေးတကြီးလိုအပ်နေတယ်လို့လဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် ထီးခီးရွာထဲ စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 6 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေရှိ ထီးခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU
မြန်မာသတင်း

နမ့်ဆန်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသူ (၁)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 20 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က နမ့်ဆန်မြို့ အုမ်းစွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

လွိုင်လင်လေးမြို့တိုက်ပွဲထဲ စစ်တပ်ဘက်က (၁၀)ဦးကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာများပြားခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 15 Views
အောက်တိုဘာလ (၁၄)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ကစပြီး လွိုင်လင်လေးမြို့ လင်ဖုန်ကြီးရွာဖက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လင်ဖုန်းကြီးရွာက စစ်တပ်က အင်အား (၆၀)ကျော်နဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 49 Views
အောက်တိုဘာလ (၁၃)ရက်။ စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊ ABSDF၊ PNLO၊ NMSP(AD)နဲ့ LDU တိုက ဒီကနေ့မှာ တိုက်တွန်းထားတယ်လို သိရပါတယ်။
မြန်မာသတင်း

မိတ္ထီလာမှာ ကင်းလှည့်နေတဲ့ ရဲကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 20 Views
အောက်တိုဘာလ (၁၃)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က မိတ္ထီလာမြိုအနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ ရဲကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို Satan UG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာအနောက်ဘက်ကနေ ကင်းလှည့်ပြီး ပြန်ဝင်လာတဲ့ ရဲကားကို
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြိုကို စစ်တပ်က (၂)ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 24 Views
အောက်တိုဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ (၂)ရက်တာထဲ မိုင်းလုံမြိုနယ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က
မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 23 Views
အောက်တိုဘာလ (၁၃)ရက်။ စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၆)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 43 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “လျှို့ဝှက်မှုမဲ့တဲ့လွင်ကိုလတ် မဲစာရင်းအမှားများနဲ့ဘူးလက် အာဆီယံအတွက် NUG ရဲ့ကြိုးပမ်းချက်” တို့ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၂ရက်နေ့ မှာ ပစ်မှတ်ဆိုင်ရာ အထူး ထောက်လှမ်းရေး သင်တန်းကို (လွင်ကိုလတ်)က အွန်လိုင်းကနေ သင်တန်းပေးမှာ ဖြစ်သင့်သလားဆိုတာနဲ့