မေလ (၁၅)ရက်။
အခုလဆန်းပိုင်းက မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခလရ(၂၅၄)တပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မေလ(၁)ရက်နေ့က မြိုင်ကို စစ်ကြောင်းထိုးလာတဲ့ စကစရဲ့ တပ်မ(၁၀၁)က ခလရ(၂၅၄)တပ်ရင်းစစ်ကြောင်းကို လိုက်လံချေမှုန်းခဲ့တာ။ စကစတွေ ရည်မှန်းချက်ကျဆုံးပြီး ဖွဲ့စည်းပုံပျက်ကာ တပ်မ(၁၀၁)ကို အထိအခိုက်တွေနဲ့ ပြန်ဆုတ်သွားတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ခလရ(၂၅၄)တပ်ရင်းစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံချေမှုန်းခဲ့ကာ ဖွဲ့စည်းပုံပျက်ပြီး အထိအခိုက်များစွာနဲ့ မေလ (၇)ရက်နေ့မှာ တပ်မ(၁၀၁)ကို ပြန်ဆုတ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီထံက MA 1 သေနတ်(၁)လက်နံ့ ကျည် (၅၀၀)ကျော်အပြင် အခြားခဲယမ်းတွေနဲ့ စစ်ကောင်စီအလောင်း (၈)လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးထဲ ပကဖစုဖွဲ့မှုတပ်၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူပကဖ တပ်ရင်း(၁)၊ ပခုက္ကူခရိုင်အမှတ်(၂/၆/၇/၁၄/၁၅/၁၇)၊ ABSDF၊ ကမ္မတပ်ပေါင်းစု၊ 8+တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ PPDF၊ PLCတပ်ပေါင်းစု၊ Bo Brother တပ်ပေါင်းစု၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ Earthquake တပ်ဖွဲ့နဲ့ ဒေသဆိုင်ရာတပ်ဖွဲ့တွေ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။




