နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီကို အရေးယူပေးဖို့ NLD တိုက်တွန်း

မေလ (၁၅)ရက်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီရဲ့ ပြည်သူတွေကို ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာကို အရေးယူပေးဖို့ NLD က ဒီကနေ့မှာ ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အပစ်ရပ်ကာလဆိုပြီး ကြေညာထားတဲ့ ဧပြီလ (၃)ရက်နေ့ကနေ မေလ (၁၃)ရက်နေ့အထိ တိုင်းနဲ့ပြည်နယ် (၁၁)ခုမှာ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၈၁)ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ ပြည်သူ (၁၈၂)ဦး သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ (၁၈)နှစ်အောက် (၃၄)ဦးနဲ့ ဒဏ်ရာရသူ (၂၉၈)ဦးထဲ (၁၈)နှစ်အောက် (၇၆)ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

HRDT-NLD က ကောက်ယူရရှိထားတဲ့ စာရင်းတွေထဲ အပစ်ရပ်ကာလမှာ စစ်ကောင်စီက ငလျင်ဘေးသင့်ဒေသတွေဖြစ်တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ တိုက်ခိုက်တာ အများဆုံးဖြစ်တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီဖြစ်စဉ်တွေထဲ အဆိုးရွားဆုံးဟာ ဒီပဲယင်းနယ် အိုးတိန်တွင်းရွာ စာသင်ကျောင်းနဲ့ ရသေ့တောင်မြို့ ထွန်းရဝေရွာဟောင်း တိုက်ခိုက်ခံရတာတို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ပြီး တိုင်းနဲ့ပြည်နယ် (၅)ခုမှာ လက်နက်ကြီးနဲ့ တိုက်ခိုက်တဲ့အကြိမ်ရေ (၁၅)ကြိမ်ရှိခဲ့ပြီး ပြည်သူ (၁၄)ဦးသေဆုံးကာ (၄၃)ဦး ဒဏ်ရာရရှိခဲ့သလို (၁၈)နှစ်အောက် ကလေးငယ် (၈)ဦးပါဝင်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ကျေးရွာတွေထဲ စစ်ကြောင်းထိုးကာ အကြမ်းဖက်သတ်ဖြတ်တာတွေကြောင့် သေဆုံးပြည်သူ (၁၆၉)ဦးရှိကာ (၇)လသားအရွယ် ကလေးငယ်အပါအဝင် (၁၈)နှစ်အောက် သေဆုံးသူ (၃၆)ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီဟာ အပစ်ရပ်ထုတ်ပြန်ချက်တွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအနေနဲ့ လူသားစာနာမှုနဲ့ တားဆီးအရေးယူဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 4 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 7 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 60 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 31 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ