နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုက အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေ

အောက်တိုဘာလ (၁၅)ရက်။

စစ်အုပ်စုဟာ အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ထောင်နဲ့ အချုပ်ခန်းက အချုပ်သားတွေကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ဆိုပြီး ဖိအားပေးနေတာ။ မဲထည့်ဖို့ငြင်းရင် ကန့်ကွက်မဲဆိုပြီး သတ်မှတ်တယ်။ ပြီးတော့ ထောင်ထဲ ပြစ်ဒဏ်တွေချမယ်ဆိုပြီး ခြိမ်းခြောက်ကြိမ်းမောင်းနေတယ်” လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ သူတို့ရွေးကောက်ပွဲအတွက် ထောင်ထဲ ကြိုတင်မဲပေးဖို့ ငြင်းဆန်သူတွေကို ကန့်ကွက်မဲအနေနဲ့ သတ်မှတ်တာအပြင် တိုက်ပိတ်တာ စတဲ့ ထောင်ထဲ ပြစ်ဒဏ်တွေ ချမှတ်မယ်ဆိုပြီး ခြိမ်းခြောက်နေတာလို့ ဖော်ပြထားပါတယ်။

အခုအခါ အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ STUM ဦးဆောင်သူ ဒေါ်မျိုးအေးကို ရွှေပြည်သာမြို့နယ်တရားရုံးမှာ ခြေချုပ်နဲ့ ခံဝန်အမှုက တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနောက် အသင်းအဖွဲ့တွေမှတ်ပုံတင်ခြင်းဆိုင်ရာပုဒ်မ (၄၀)နဲ့(၄၁)က တရားလိုကို စစ်ဆေးခဲ့ပြီး နောက်ထပ်ရုံးချိန်းကို မြို့နယ်တရားရုံးက အောက်တိုဘာလ (၂၃)ရက်နေ့ကို ချိန်းဆိုထားတယ်လို့ ဆိုပါတယ်။

အခုလို အင်းစိန်ထောင်ထဲ ဖမ်းဆီးခံထားရတဲ့ ဒေါ်မျိုးအေးကို ရုံးချိန်းစစ်ဆေးခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ပြန်ရာမှာ ထောင်ထဲ စစ်အုပ်စုက ကြိုတင်မဲပေးဖို့ ဖိအားပေးနေတယ်လို့တာကို STUM က ထည့်သွင်းထုတ်ပြန်ထားတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KIA က ဖားကန့်ဒေသထဲ တပ်သားသစ်စုဆောင်းတဲ့အပေါ် တော်လှန်ရေးအင်အားစုတွေ စာပို့တင်ပြထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 18 Views
အောက်တိုဘာလ (၁၅)ရက်။ ဖားကန့်ဒေသထဲ တပ်သားသစ် စုဆောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသတော်လှန်ရေးအင်အားစုတွေက KIA ရဲ့ အမှတ်(၉)တပ်မဟာမှူးထံ အောက်တိုဘာလ (၁၁)ရက်နေ့ရက်စွဲနဲ့ စာပို့တင်ပြထားတယ်လို့
မြန်မာသတင်း

ရန်ကုန် မင်္ဂလာဒုံရှိ ကြံ့ခိုင်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 14 Views
အောက်တိုဘာလ (၁၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၀)မိနစ်အချိန်က မင်္ဂလာဒုံမြို့ရှိ ကြံ့ခိုင်ရေးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA ပွဲကိုတက်တဲ့ ခေါင်းဆောင်ဟောင်းတွေက အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 17 Views
အောက်တိုဘာလ (၁၅)ရက်။ စစ်အုပ်စုပြုလုပ်တဲ့ NCA (၁၀)နှစ်ပြည့်ပွဲကို တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေဟာ အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြောခွင့်ရ ပဒိုစောတာနီးက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ဒီပုဂ္ဂိုလ်တွေက တချိန်တုန်းက KNU ခေါင်းဆောင်တွေဆိုပေမယ့် အခုကာလမှာ
မြန်မာသတင်း

တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့‌ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 10 Views
အောက်တိုဘာလ (၁၅)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijiun နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်တပ်က
မြန်မာသတင်း

လားရှိုးမှာ နေရပ်မပြန်နိုင်သေးတဲ့ ကျောက်မဲနဲ့ နမ္မတူက စစ်ဘေးရှောင် (၃၀၀၀)ဝန်းကျင်အထိရှိ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 14 Views
အောက်တိုဘာလ (၁၄)ရက်။ လားရှိုးမြို့မှာ နေရပ်မပြန်နိုင်သေးတဲ့ ကျောက်မဲမြို့နဲ့ နမ္မတူမြို့က စစ်ဘေးရှောင် (၃၀၀၀)ဝန်းကျင်အထိ ရှိလာတယ်တယ်လို့ SSPP ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ကျောက်မဲမြို့ပြန်ရဖို့ စစ်တပ်က အင်အား(၁၀၀၀)ကျော်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့်
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် ထီးခီးရွာထဲ စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 45 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေရှိ ထီးခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မယ်သမီခီး(ထီးခီး)ရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ
မြန်မာသတင်း

စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ ကုလသံအမတ် ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 24 Views
အောက်တိုဘာလ (၁၄)ရက်။ စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ မနေ့က ကုလသမဂ္ဂမှာပြုလုပ်တဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာကလေးငယ်တွေရဲ့ ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုဟာ ထိတ်လန့်တာတွေနဲ့ ပြည့်နှက်နေပြီး အများစုဟာ စစ်အုပ်စုရဲ့ မဆင်မခြင်
မြန်မာသတင်း

နမ့်ဆန်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသူ (၁)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 29 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က နမ့်ဆန်မြို့ အုမ်းစွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ အုမ်းစွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတာ။ ‌ရွာထဲ (၄)လုံးကျတယ်။ (၈)တန်းကျောင်းသူတဦး