နိုဝင်ဘာလ (၁၄)ရက်။
နိုဝင်ဘာလ (၁၁)ရက်နေ့က ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတက်တွေက တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ မနက် (၁၀)နာရီကျော်မှာ တကြိမ်နဲ့ နေ့လယ် (၁၂)နာရီကျော်မှာ တကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ” လို့ ဆိုပါတယ်။
ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက နံနင် (၁၀)နာရီ (၁၄)မိနစ်နဲ့ နေ့လယ် (၁၂)နာရီ (၁၂)မိနစ်တို့မှာ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ တော်လှန်ရေးပူးပေါင်းတပ်တွေက ပထိအခိုက်မရှိ ခွာစစ်ဆင်နိုင်ခဲ့ကာ စစ်တပ်ဘက်က တစ်ဦးသေဆုံးပြီး (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲမှာ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)၊ ရာမညမွန်တပ်တော်(RMA)၊ KNLAတပ်မဟာ(၆) ၊တပ်ရင်း(၂၇)ခွဲ(၁)၊ တပင်ရွှေထီးကိုကျိုက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်၊ဗျူဟာ(၃၃) ဒေါနချေမှုန်းရေးတပ်ခွဲတို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။








