နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

အပြင်းထန်ဆုံး စစ်ရာဇဝတ်မှုအနေနဲ့ မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့တဲ့ စစ်ခေါင်းဆောင်က ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီးပြောပြန်

ဒီဇင်ဘာလ (၁၅)ရက်။

ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာထဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ မတည်ရန်ပုံငွေကနေ ထောက်ပံ့ငွေကျပ် (၁၀)ဘီလီယံကို ခွင့်ပြုထားပြ အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ဒီလို ဆောင်ရွက်‌ပေးနေတာဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့စေတနာနဲ့ တိုင်းရင်းသားအချင်းချင်း စစ်မှန်တဲ့ မျိုးချစ်စိတ်ဓါတ်နဲ့ ပြည်ထောင်စုစိတ်ဓါတ်တို့ကို မြင်တွေ့ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အခုအချိန်မှာ ရခိုင်အပါအဝင် နိုင်ငံတဝန်းမှာ လက်နက်ကိုင်အဖွဲ့တွေကြောင့် အပြစ်မဲ့ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေကြရတယ်ဆိုပြီး သူက စွပ်စွဲပြောဆိုထားပါသေးတယ်။

တကယ့်မြေပြင်မှာတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ရခိုင်ဒေသအပါအဝင် နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်တာတွေကို အဆက်မပြတ် လုပ်ဆောင်နေပါတယ်။

အဲ့ဒီလုပ်ရပ်တွေထဲ ဒီဇင်ဘာလ (၁၀)ရက်နေ့က မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို လေကြောင်းဗုံးကြဲခဲ့တာမှာ ပြည်သူ (၃၀)ကျော် သေဆုံးခဲ့တဲ့ဖြစ်စဉ်ဟာ အဆိုးဝါးဆုံး ပြင်းထန်တဲ့ စစ်ရာဇဝတ်မှုတခုလို့ သိရပါတယ်။

နောက်ပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့ကလဲ ကျောက်ဖြူမြို့ထဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တာကြောင့် အရပ်သား (၈)ဦးသေဆုံးပြီး (၁၀)ဦးခန့် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒီလို ရခိုင်ဒေသထဲ အကြမ်းဖက်စစ်အုပ်စုက ‌အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ပြင်းထန်စွာ လက်တုန့်ပြန်သွားမယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 7 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့