နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်းမြို့နယ် တောင်တွင်းဒေသ နေရာနှစ်ခုမှာ မြို့နယ်ပကဖနဲ့ ပအဖ တာဝန်ခံနှစ်ဦးကို ဒေသခံ ပြည်သူများ ဆန္ဒထုတ်ဖော်

ဧပြီလ (၁၆) ရက်။

မနေ့က ဧပြီလ (၁၅) ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ မင်းကင်းမြို့နယ် တောင်တွင်းဒေသ နေရာနှစ်ခုမှာ မြို့နယ်ပကဖနဲ့ ပအဖ တာဝန်ခံနှစ်ဦးကို ဒေသခံပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဦးညိုလွင်နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ဦးဝင်းမင်းစိုးတို့ ၂ ဦးဟာ လာဘ်စားတာ၊ အာဏာအလွဲသုံးစားလုပ်တာတွေအပြင် တော်လှန်ရေးခေါင်းစဉ်တပ်ပြီး စီးပွားရေးလုပ်တာ၊ တော်လှန်ရေးအဖွဲ့ငယ်တွေကိုလည်း အင်အားသုံးဖိနှိပ်တာ၊ ဖမ်းဆီးနှိပ်စက်တာမျိုးတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို အာဏာအလွဲသုံးစား လုပ်နေတာကို ကျောင်းသားထုအနေနဲ့ လက်မခံနိုင်တဲ့အတွက် ဆန္ဒပြထုတ်ဖော်တာဖြစ်တယ်လို့ သိရပါတယ်။

“ကျန်းမာရေး၊ ပညာရေးတွေမှာ ထောက်ပံ့ကြေး အပြည့်အဝ မရဘူး၊ ပညာရေးအတွက်လည်း ကိုယ်ထူကိုယ်ထနဲ့ ဖြစ်သလို ရုန်းရတယ်။ အခွန်ငွေတွေ သိန်းပေါင်း ၊ သိန်းချီရနေလည်း အခုထိ အဆင့်မီတဲ့ဆေးရုံကောင်းကောင်း မရှိသေးဘူး။ လောင်းကစားဝိုင်းမှာတော့ သိန်းထောင်ချီဖြုန်းနေတာမျိုးတွေ လုပ်နေတာ” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

မင်းကင်းမြို့နယ် ပကဖ တာဝန်ခံ ဦးညိုလွင်ကတော့ တာဝန်ထမ်းဆောင်နေတာ ၂ နှစ်ကျော် ရှိပြီး ပအဖ တာဝန်ခံ ကိုဝင်းမင်းစိုးကတော့ ခန့်အပ်ထားတာ မကြာသေးဘူးလို့ ဆိုပါတယ်။

သူတို့ ၂ ဦးရဲ့လုပ်ရပ်ကို မကြိုက်လို့ အထက်လူကြီးတွေဆီတိုင်စာတွေ ပို့ခဲ့ပေမဲ့လည်း ဘာမှထူးခြားမလာဘူးလို သူက ဆက်ပြောပါတယ်။

“တိုင်စာတွေ ကျနော်တို့ တောက်လျှောက်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်နေတာတွေက ဘာမှထူးခြားတာဖြစ်မလာတော့ အထက်ကလည်း ကောင်းကောင်းမကိုင်တွယ်နိုင်ဘူး ထင်ပါတယ်ဗျာ၊ ရှင်းရှင်းပြောရရင် ကျနော်တို့ အမြင်က သူတို့လုပ်နေတာ တော်လှန်ရေးရော ဟုတ်ပါ့မလားပေါ့ စစ်ရေးမှာလည်း ထိရောက်အောင်မလုပ်။ နယ်မြေ ဖွံ့ဖြိုးရေးတည်ဆောက်ရေးကိုလည်း ကောင်းကောင်းမလုပ်” လို့ သူက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

လောင်းကစားကိစ္စတွေကို မြို့နယ်ပအဖကိုယ်တိုင် လုပ်နေတာလို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။

ဆန္ဒပြပွဲမှာ “မင်းကင်းမြို့နယ် ပကဖ၊ ပအဖ မလုပ်နဲ့ ရွှေမှော် ပကဖ ၊ ပအဖ လုပ်ကြ “ ၊ “ ငါတို့ပညာရေးကို အလောင်းကစားဝိုင်းလောက် အလေးမထားတဲ့ ပအဖ ဝင်းမင်းစို အလိုမရှိ” ၊ “အစိုးရကပေးတဲ့ အခွင့်အာဏာ မင်းတို့ကောင်းစားဖို့ မဟုတ်ဘူး တော်လှန်ရေးကောင်းစားဖို့ဆိုတာသိထားကြ” စတဲ့ စာတန်းများကို ကိုင်ဆောင်ပြီး ကျေးရွာပေါင်းစုံက ကျောင်းသားပြည်သူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 22 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 25 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 96 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 24 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 19 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 33 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 30 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 33 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ