ဇူလိုင်လ (၁၆)ရက်။
နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်တပ်ထောက်ခံတဲ့ လော်ဘီချန်နယ်တွေက ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ပြောဆိုနေကြတယ်လို့ သိရပါတယ်။
နောင်ချိုမြို့ တမြို့လုံးနီးပါးအထိကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဆိုတာကို စစ်လော်ဘီချန်နယ်တွေက သတင်းဓါတ်ပုံတွေနဲ့အတူ ဖော်ပြထားကြပါတယ်။
“ နောင်ချိုမြို့ထဲအထိကို စစ်တပ်က ရောက်လာတာပေါ့၊ အခုအထိတော့ တိုက်ပွဲတွေဖြစ်နေတုန်းပဲ။ အခြေအနေကတော့ သေချာမသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။
အခုအခါ နောင်ချိုမြို့ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး သက်ဆိုင်ရာအဖွဲ့တွေကတော့ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
နောင်ချိုမြို့ကို ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့မှာ TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ရရှိဖို့ စစ်ကြောင်းတွေနဲ့ အင်အားထောင်နဲ့ချီကာ ထိုးစစ်ဆင်ခဲ့တာပါ။
ဒါ့အပြင် နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုနဲ့ ကျောက်မဲကို ချိတ်ဆက်ထားတဲ့ ဂုတ်တွင်းတံတားကို ဇူလိုင်လ (၁၄)ရက်နေ့က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
