နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝန်ကြီးအများစု ပြည်တွင်းမှာ အလုပ်လုပ်နေကြပြီလို့ NUG ပြော

ဇူလိုင်လ (၁၆)ရက်။

ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာ ဝန်ကြီးအများစုဟာ အလုပ်လုပ်နေကြပြီလို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အခုရက်ပိုင်းထဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“ အများက ပြောကြတယ်။ NUG ကို အားမရဘူးဆိုပြီး။ ကျနော်တို့လည်း အစွမ်းကုန် ကြိုးစားနေပါတယ်။ ကျနော်မြန်မာပြည်ထဲကို ပြန်ရောက်နေတာကိုက NUGရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဥ်ထဲက တစ်ခုဖြစ်ပါတယ်” လို့ ဇူလိုင်လ (၁၃)ရက်နေ့ကပြုလုပ်တဲ့ “ အောင်ပွဲသစ်ဆီ ပဲခူး တနင်္သာရီ” ကမ်ပိန်းဖွင့်ပွဲမှာ ပြောဆိုခဲ့ပါတယ်။

အခုအခါ ထိန်းကျောင်းတာတွေ ပြုလုပ်နိုင်ဖို့အတွက် ဝန်ကြီး (၉)ဦးအထိ ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာ အလုပ်လုပ်နေကြပြီဖြစ်သလို “ ပ” သုံးလုံးကိုလဲ ထိန်းကျောင်းသွားမယ်လို့ သိရပါတယ်။

“ ကျနော် အခုပြန်ရောက်နေတဲ့နေရာဆို အရင်က ဝန်ကြီး တစ်ပါးပဲရှိပါတယ်။ အခုဆို ကိုးယောက်ရှိပါပြီ။ အလုပ်တွေလုပ်နေတယ်။ အားလုံးကိုထိန်းကျောင်းဖို့ပါ။ ပသုံးလုံးကိုလည်း ထိန်းကျောင်းဖို့ပါ။ အားလုံး ဆိုးနေတာ မဟုတ်ပါဘူး။ ကောင်းတဲ့နေရာတွေလည်း ရှိပါတယ်။ ဆိုးတဲ့နေရာကို ထိန်းညှိဖို့တွေ လုပ်နေတယ်” လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး ပြီးခဲ့တဲ့ (၃)လတာထဲမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုခေါင်းဆောင်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီး ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလ (၅)နှစ်တာနီးပါးကို ရောက်ရှိလာတဲ့အချိန်မှာ NUG အနေနဲ့ မဖြစ်မနေ ပြုပြင်ပြောင်းလဲ‌ဖို့ လိုအပ်နေတယ်ဆိုတာကို နိုင်ငံရေးအင်အားစုတွေက ဝိုင်းဝန်းအကြုံပြုပြောဆိုနေကြပါတယ်။

ဒါ့အပြင် အခုစုဖွဲ့ထားတဲ့ NUG အစိုးရဟာ ပြည်သူ့နွေဦးတော်လှန်ရေးကို ပန်းတိုင်အထိခေါ်ဆောင်ဖို့ လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ‌ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 19 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 19 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့