နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်ပံတန်းမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၅)ဦးထက်မနည်း သေဆုံးခဲ့

အောက်တိုဘာလ (၁၆)ရက်။

မနေ့က နံနက် (၁၀)နာရီအချိန် လက်ပံတန်းမြို့ သရက်ချောင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ သရက်ချောင်းရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က အထိအခိုက်များခဲ့တယ်” လို့ ဆိုပါတယ်။

သရက်ချောင်းရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၁၅)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ထံက လက်နက်အစုံ (၁၉)လက်အပါအဝင် ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်း (၁၂)ဦး ဖမ်းမိခဲ့တယ်လို့ MOD က ပြောဆိုထားပါတယ်။

တိုက်ပွဲမှာ PDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့လဲ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးကို PDF အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲပြီး အမှတ် (၃၈၀၂)တပ်ရင်း၊ အမှတ် (၃၈၀၃)တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲကို ရာနှုန်းပြည့် မကျင်းပနိုင်ဘူးလို့ စစ်ခေါင်းဆောင် ဝန်ခံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 15 Views
အောက်တိုဘာလ (၁၆)ရက်။ အကြောင်းအမျိုးမျိုးကြောင့် ရာနှုန်းပြည့် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ NCA (၁၀)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 17 Views
တော်လှန်ရေးရဲဘော်တွေအပါအဝင် အကျဉ်းသား (၁၅)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆို အောက်တိုဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၃)နာရီခန့်က ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေက
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားတာလို့ RCSS ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 15 Views
အောက်တိုဘာလ (၁၆)ရက်။ စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားတာလို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ RCSS ရဲ့ ထုတ်ပြန်ချက်ထဲ NCA (၁၀)နှစ်တာကုလထဲ အားနည်းချက်တွေနဲ့ စိန်ခေါ်မှုတွေ အမျိုးမျိုးရှိခဲ့တာကြောင့် ရည်မှန်းထားတဲ့အတိုင်း
မြန်မာသတင်း

KIA က ဖားကန့်ဒေသထဲ တပ်သားသစ်စုဆောင်းတဲ့အပေါ် တော်လှန်ရေးအင်အားစုတွေ စာပို့တင်ပြထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 52 Views
အောက်တိုဘာလ (၁၅)ရက်။ ဖားကန့်ဒေသထဲ တပ်သားသစ် စုဆောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသတော်လှန်ရေးအင်အားစုတွေက KIA ရဲ့ အမှတ်(၉)တပ်မဟာမှူးထံ အောက်တိုဘာလ (၁၁)ရက်နေ့ရက်စွဲနဲ့ စာပို့တင်ပြထားတယ်လို့ သိရပါတယ်။ အဲ့ဒီတင်ပြတဲ့စာထဲ ဖားကန့်ဒေသမှာ တပ်သားသစ်စုဆောင်းတဲ့ ဖြစ်စဉ်တွေဟာ နေ့တိုင်းလိုလို ရုပ်ပျက်ဆင်းပျက် ဖြစ်ပွားနေပြီး
မြန်မာသတင်း

ရန်ကုန် မင်္ဂလာဒုံရှိ ကြံ့ခိုင်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 42 Views
အောက်တိုဘာလ (၁၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၀)မိနစ်အချိန်က မင်္ဂလာဒုံမြို့ရှိ ကြံ့ခိုင်ရေးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်္ဂလာဒုံမြို့နယ်က စကစရဲ့ တရားမဝင်ရွေးကောက်ပွဲမှာပါဝင်တဲ့ အကြမ်းဖက်ပါတီ ကြံ့ခိုင်ရေးရုံးကို ပြင်းအားမြင့်မိုင်းကော
မြန်မာသတင်း

စစ်အုပ်စုက အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 45 Views
အောက်တိုဘာလ (၁၅)ရက်။ စစ်အုပ်စုဟာ အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထောင်နဲ့ အချုပ်ခန်းက အချုပ်သားတွေကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ဆိုပြီး ဖိအားပေးနေတာ။ မဲထည့်ဖို့ငြင်းရင် ကန့်ကွက်မဲဆိုပြီး
မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA ပွဲကိုတက်တဲ့ ခေါင်းဆောင်ဟောင်းတွေက အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 34 Views
အောက်တိုဘာလ (၁၅)ရက်။ စစ်အုပ်စုပြုလုပ်တဲ့ NCA (၁၀)နှစ်ပြည့်ပွဲကို တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေဟာ အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြောခွင့်ရ ပဒိုစောတာနီးက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ဒီပုဂ္ဂိုလ်တွေက တချိန်တုန်းက KNU ခေါင်းဆောင်တွေဆိုပေမယ့် အခုကာလမှာ
မြန်မာသတင်း

တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့‌ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 17 Views
အောက်တိုဘာလ (၁၅)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijiun နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်တပ်က