နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေထဲ တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသား (၂၀၀)ကျော်ကို စစ်ကောင်စီ ထပ်မံဖမ်းဆီး

ဖေဖော်ဝါရီလ (၁၇)ရက်။

မနေ့က မြဝတီမြို့ ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေထဲ တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသား (၂၃၁)ဦးကို ထပ်မံဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထပ်မံဖမ်းမိခဲ့တဲ့ နိုင်ငံခြားသား (၂၃၁)ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ဖို့ လိုအပ်တာတွေ စစ်ဆေးခဲ့တာကို တရက်ထဲမှာ အပြီးလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၃၀)ရက်‌ကနေ ဖေဖော်ဝါရီလ (၁၆)ရက်နေ့အထိ နိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသား စုစုပေါင်း (၁၀၃၀)ဦးအထိာဖမ်းဆီးပြီး အဲ့ဒီထဲက (၆၁)ဦးကို ထိုင်းနိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ကျန်ရှိတဲ့ နိုင်ငံခြားသား (၉၆၉)ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီဖြစ်သလို သူတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲကလဲ တရုတ်နိုင်ငံရဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီး နေပြည်တော်ကို ရောက်ရှိခဲ့ပြီး ကျားဖြန့်လုပ်ငန်းတွေကို တိုးမြှင့်တိုက်ဖျက်ဖို့ စစ်ကောင်စီနဲ့ တွေ့ဆုံပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီကနေ့ နံနက်ပိုင်းအချိန်မှာ မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မြဝတီကို တရုတ်ဝန်ကြီး ပထမဆုံးအကြိမ် ရောက်လာခဲ့ပြီး ရွှေကုက္ကိုလ်ကို သွားရောက်ကာ ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 0 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 25 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 24 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 28 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ ပူးပေါင်းစုဖွဲတာလို့ဆို မတ်လ (၃၁)ရက်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 32 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဒုသမ္မတအနေနဲ့ အမည်စာရင်းတင်သွင်းထားတဲ့ မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ မဲအများဆုံးနဲ့ ရွေးချယ်ခံရတာလို ဆိုပါတယ်။ မဲခွဲရွေးချယ်ရာမှာ