နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

တလထဲ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်သား (၁၅၀)ကျော်သေဆုံးခဲ့

ဖေဖော်ဝါရီလ (၁၇)ရက်။

ပြီးခဲ့တဲ့လထဲ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲပေါင်း (၄၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ ညောင်လေးပင်မြို့ ပုဇွန်းချောင်းရွာ ဆွဲဒလကျောင်းကြီး ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တာအပါအဝင် စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတာနဲ့ တပ်စခန်းတွေကို ဒရုန်းနဲ့ လက်နက်ကြီးပစ်ခတ်တာ (၂၆)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တလတာထဲ စစ်ကောင်စီတပ်သား (၁၅၇)ဦး သေဆုံးခဲ့ပြီး (၉၈)ဦး ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်တွေဆီ အလင်းဝင်လာသူ (၂၃)ဦးကို ကြိုဆိုပြီး ကောင်းမွန်စွာ‌ စောင့်ရှောက်ထားတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေထဲ စစ်ကောင်စီထံက စက်လက် (၁)လက်၊ စနိုက်ပါ (၁)လက်၊ ၈၀မမ (၁)လက်၊  ၆၀မမ (၂)လက်၊  ၅၀မမ (၁)လက်၊ လက်နက်ငယ်အစုံ (၅၂) လက်၊ ကျည်ဘောက်အစုံ (၅၁)ခု၊ ကျည်အနည်းငယ်နဲ့ စစ်ဘက်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး စစ်ကောင်စီတပ်က အရပ်သားတွေ နေထိုင်တဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်ခြင်း (၄) ကြိမ်နဲ့အထက် ပြုလုပ်ခဲ့ပြီး လက်နက်ကြီး၊ ဒရုန်းများတွေနဲ့ ကြိမ်ဖန်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တလထဲ ပြည်သူ (၁၆)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၂၂) ဦးနဲ့ မတရားဖမ်းဆီးခံရသူ (၂၈)ဦးရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေထဲ တောင်ပိုင်းစစ်ဒေသ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေ၊ LDF တွေ၊ KNLA၊ BPLA၊ ABSDF၊ MSRF၊ NMSP AD၊ ထားဝယ်တပ်ပေါင်းစုနဲ့ အခြားပူးပေါင်းတပ်ဖွဲ့တွေအပြင် ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 23 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို
မြန်မာသတင်း

လွှတ်တော်ကျင်းပမယ့် နေ့ရက်တွေ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 42 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ လာမယ့် မတ်လပိုင်းထဲမှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်လ (၁၆)ရက်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကို မတ်လ (၁၈)ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးဆွဲတာတွေ ခေတ္တရပ်နားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 38 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ်ရဲ့ လေယာဉ်ပြေးဆွဲတာတွေကို ခေတ္တရပ်နားထားဖို့ အသိပေးထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့က မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ MNA လေယာဉ်တစီး ထိမှန်ပျက်စီးခဲ့တယ်လို့
မြန်မာသတင်း

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ CDM ဝန်ထမ်း (၆၀)ရာခိုင်နှုန်း ခန့်အပ်ထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထဲ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲပူးပေါင်းကာ CDM ဝန်ထမ်းတွေကို ခန့်အပ်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ CDM ဝန်ထမ်းတွေကို စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ (၆၀)ရာခိုင်နှုန်း