နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ပကဖရဲဘော်ဇနီးမောင်နှံနဲ့ CDM တစ်ဦးအပါအဝင် (၄)ဦး သေဆုံးခဲ့

ဇူလိုင်လ (၁၇)ရက်။

ဇူလိုင်လ (၁၅)ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က ရေစကြိုမြို့ ကမ္ဘဲ့ရွာကို စစ်ကောင်စီတပ်ရဲ့ ခလရ(၂၅၈)ကနေ (၈၀)မမ (၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စကစက ပစ်လိုက်တဲ့ ၈၀မမ တစ်လုံးက အရပ်ငားနေအိမ်ပေါ်ကျပြီး မီးလောင်ခဲ့တာ။ အဲ့ဒါကို ပကဖရဲဘော်တွေက သွားရောက်မီးငြှိမ်းနေတဲ့အချိန် နောက်ထပ်တလုံး ထပ်ပစ်လိုက်တာ။ အဲ့ဒီမှာ ထိခိုက်သေဆုံးခဲ့တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ခလရ(၂၅၈)ကနေ ပစ်ခတ်လိုက်တဲ့ ၈၀မမ (၁)လုံးဟာ ကမ္ဘဲ့ရွာရှိ ပြည်သူ့နေအိမ်ပေါ် ကျရောက်ပြီး မီးလောင်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက သွားရောက် မီးငြှိမ်းသတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို မီးငြှိမ်းသတ်နေချိန် နောက်ထပ် ၈၀မမ (၁)လုံး ထပ်မံပစ်ခတ်တာကြောင့် ရေစကြိုမြို့နယ်ပကဖရဲ့ ရဲဘော်တစ်ဦးနဲ့ ဇနီးဖြစ်သူအပြင် CDM ကျောင်းဆရာမတစ်ဦး ကျဆုံးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

အခုလို ကျဆုံးခဲ့သူတွေဟာ ရေစကြိုပကဖရဲ့ အသက်(၂၀)ခန့်ရှိ ရဲဘော် ကောက်ကြီး(ခ)မောင်ရန်နိုင်နဲ့ (၂၄)နှစ်အရွယ် ဇနီးဖြစ်သူ မသဇင်ဝေအပြင် (၃၂)နှစ်အရွယ် CDM ကျောင်းဆရာမ မနွေဦးမေနဲ့ ကျေးရွာနေ (၁၇)နှစ်အရွယ် မောင်ရှင်းတို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီဖြစ်စဉ်ထဲ ကျေးရွာနေ ပြည်သူ (၄)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ကျဆုံးခဲ့တဲ့ ပကဖရဲဘော်နဲ့ ဇနီးဖြစ်သူတို့ကို စစ်ဓလေ့ထုံးစံနဲ့အညီ မီးသင်္ဂြိုလ်ခဲ့တယ်လို့ မြို့နယ်ပကဖက ပြောဆိုထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ပြီး ပြည်သူကို ကာကွယ်ကာ အသက်ပေးခဲ့တဲ့ ရဲဘော် ကောက်ကြီးကို မြို့နယ်ပကဖရဲဘော်အားလုံးက အလေးနီပြုတယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 19 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 19 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့