နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပလမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၃)ဦးသေဆုံးပြီး (၄၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုလော-PDF ထုတ်ပြန်

ဩဂုတ်လ (၁၇)ရက်။

ပုလောမြို့နယ် ပလမြို့ကို စစ်ကြောင်းထိုးဝင်လာဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလော-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဇူလိုင်လ (၂၄)ရက်ကစပြီး ပလမြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ဖို့ ကြိုးပမ်းလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက တန်ပြန် ထိုးစစ်ဆင်နွှဲခဲ့တာပါ။ အဲ့ဒီတိုက်ပွဲက မနေ့ကအထိ တိုက်ပွဲကြီး (၉)ကြိမ်နဲ့ တိုက်ပွဲငယ်အများအပြား ဖြစ်ပွားခဲ့တယ်” လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲဟာ ဇူလိုင်လ (၂၄)ရက်နေ့ကစပြီး မနေ့ကအချိန်အထိ ဆက်လက်ဖြစ်ပွားနေပြီး အဲ့ဒီကာလထဲ တိုက်ပွဲကြီး (၉)ကြိမ်နဲ့ ထိတွေ့တိုက်ပွဲငယ် အများအပြား ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ (၄၈)ဦးရှိခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းကနေ (၁၁)ကြိမ်နဲ့ ရေတပ် စစ်သင်္ဘောတွေကနေ (၂၆)ကြိမ် ပစ်ကူပေး ဗုံးကြဲခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး သံဃာ (၂)ပါး ပျံလွန်တော်မူခဲ့သလို ပလမြို့ထဲ ပိတ်မိနေတဲ့ အရပ်သား (၃၂၉)ဦးကို တော်လှန်ရေးတပ်‌တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ပွဲတွေထဲ PDF ရဲဘော် (၃)ဦးနဲ့ KNDO ရဲဘော် (၁)ဦး ကျဆုံးခဲ့ရပြီး (၁၉)ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းနဲ့ ဒရုန်းတစ်စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာ PDF အမှတ် (၃၄)၊ (၃၅) နည်းဗျူဟာလက်အောက်ခံတပ်ရင်းတွေနဲ့ တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း၊ တနင်္သာရီတိုင်းပကဖ၊ ပုလောပကဖ၊ ပလဖ၊ KNDO တပ်ရင်း(၇)နဲ့ KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူး ဇေယျဝတီမြိုရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး တပ်ကြပ်တဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ပဲခူးတိုင်း ဇေယျဝတီမြိုရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇေယျဝတီသကြားစက်နားက
မြန်မာသတင်း

တိုက်ပွဲကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးမပြုဖို KNDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၆)ရက်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးပြုသွားလာတာ မလုပ်ကြဖို KNDF က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကြီးနဲ့
မြန်မာသတင်း

ဆောမြိုနယ်ထဲ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ညနေ (၅)နာရီခန့်က ဆောမြိုနယ်ရှိ မိအယ်ရွာကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၄)နာရီ (၅၅)မိနစ်လောက်မှာ ဆောနယ်
မြန်မာသတင်း

မင်းအောင်လှိင်ကို ဘွဲပေးတာက ငရဲခွေးကြီးကို ဘွဲဝတ်ရုံ ဆင်မြန်းပေးတာလိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ကို ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမမှာ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲပေးခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီလို မင်းအောင်လှိင်ကို စစ်အုပ်စုခန့်ထားတဲ့ လက်အောက်ခံ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲက ဘွဲပေးခဲ့တဲ့အပေါ် ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊
မြန်မာသတင်း

ရွှေဈေးကစားတယ်ဆိုပြီး ရန်ကုန်ရွှေရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌအပါအဝင် (၃)ဦးကို စစ်ကော်မရှင်ဖမ်းဆီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၆)ရက်။ ပြည်တွင်းရွှေဈေးကွက် မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး ရန်ကုန်တိုင်း သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတိုကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က ဖမ်းဆီးခဲ့သူ (၃)ဦးဟာ ဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊
မြန်မာသတင်း

New York Times

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 45 Views
အာဏာသိမ်းပြီး နှစ်အနည်းငယ်အကြာတွင် မြန်မာ့ပြည်ပရောက်အစိုးရ အရာမရောက် ဖြစ်လာသည့်အခြေအနေသို့ ဆိုက်ရောက်နေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စစ်ကောင်စီအား ဆန့်ကျင်သည့် ဒီမိုကရေစီ လိုလားသော အစားထိုးအစိုးရအဖြစ် ဖွဲ့စည်းခဲ့သော်လည်း
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 40 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ညနေ (၅)နာရီ (၄၀)မိနစ်လောက်မှာ မြောက်ဆည်ရွာအရှေ့ထိပ်ကို တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ပေါင်(၂၀၀)ဗုံးကော၊
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya Mon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၃)ရက်နေ့