စက်တင်ဘာလ (၁၇)ရက်။
ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး/ကော်က မနေ့ကရက်စွဲနဲ့ အမိန့်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။
ရွေး/ကော်ရဲ့ထုတ်ပြန်ချက်ထဲ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေအနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို၊ ဘက်မလိုက်ဖို၊ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံအားပေးတာ၊ ဆန့်ကျင်တာနဲ့ မဲဆွယ်တဲ့ပုံစံတွေ မလုပ်ဖို ဆိုထားပါတယ်။
နောက်ပြီး လျှိဝှက်မဲပေးစနစ်ကို ထိန်းသိမ်းတဲ့အနေနဲ့ မဲရုံကနေ (၁၅)ကိုက်ထဲ ဘယ်သူ့ကို မဲပေးခဲ့တယ်ဆိုတာ မမေးဖိုအပါအဝင် မဲပေးတာ၊ မဲရေတွက်တာနဲ့ မဲရလဒ်တွေထုတ်ပြန်တာတိုကို ဝင်မစွက်ဖက်ဖို ဖော်ပြထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲစောင့်ကြည့်တဲ့အချိန် လက်နက်နဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ မယူလာဖိုနဲ့ အစီရင်ခံစာတွေကို မှန်မှန်ကန်ကန် တင်ပြဖို ညွှန်ကြားထားပါသေးတယ်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး သဘောထားအမြင်တွေ ထုတ်ပြန်ရာမှာ ပြောရေးဆိုခွင့်ရှိသူကသာ လုပ်ဖိုနဲ့ ရွေး/ကော်အဖွဲဝင်တွေကို ပညာပေးတာနဲ့ သင်တန်းပိုချတာတွေ ပြုလုပ်ဖို ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေရဲ့ တာဝန်ခံတွေနဲ့ ကြီးကြပ်သူတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ပြုလုပ်တဲ့ ညွှန်ကြားချက်တွေနဲ့ သတင်းအချက်အလက်တွေ တင်ပြတဲ့ အခမ်းအနားကို တက်ရောက်ဖို တာဝန်ရှိတယ်လိုလဲ ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ တာဝန်နဲ့ ကျင့်ဝတ်တွေကို မလိုက်နာရင် စောင့်ကြည့်ခွင့် ရုပ်သိမ်းခံရမယ်ဆိုပြီး ရွေး/ကော်က ထုတ်ပြန်ထားတယ်လို သိရပါတယ်။
