နိုဝင်ဘာလ (၁၇)ရက်။
မနေ့က ည (၁၀)နာရီကျော်အချိန်က ရန်ကုန်တိုင်း မှော်ဘီမြိုနယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို မြိုပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်အုပ်စုရဲ့ မှော်ဘီက အရေခြုံ ကြံ့ဖွတ်ရုံးကို UG ရဲဘော်တွေက လက်လုပ်တွေ၊ နာနတ်သီးတွေနဲ့ တိုက်ခိုက်ခဲ့တာ။ အဲ့ဒီရုံးဂိတ်မှာစောင့်နေတဲ့ စခနှစ်ကောင် ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်” လို ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီရုံး ဗုံးပစ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ရုံးဂိတ်စောင့်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲဝင် (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ရမ်းသန်းပစ်ခတ်တာတွေ ရှိခဲ့တယ်လို ဖော်ပြထားပါတယ်။
စစ်ကော်မရှင်တပ်ဖွဲတွေ ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် မြိုပြပြောက်ကျားရဲဘော်တွေအားလုံး ဘေးကင်းလုံခြုံစွာနဲ့ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို ရေးသားထားပါတယ်။
နောက်ပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်သွေးစွန်းတာတွေကို တရားဝင်ဖို အသည်းအသန် ကြိုးပမ်းနေတာတွေကို တားဆီးဖိုနဲ့ ပြည်သူအပေါ် မတရားဖမ်းဆီး စစ်မှုထမ်းခိုင်းနေတာကို လက်တုံပြန်သွားမယ်လို ပြောဆိုထားပါတယ်။
ဒါ့ကြောင့် စစ်အုပ်စုအလိုကျ လုပ်ဆောင်နေတာကို ရပ်တန့်ကျဖိုနဲ့ ရွေးကောက်ပွဲ အယောင်ပြလုပ်ဆောင်နေတာကို မပါဝင်ဖို ထပ်မံသတိပေးထားကာ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေ ပေးပိုကြဖို မေတ္တာရပ်ခံထားတယ်လို သိရပါတယ်။








