နိုဝင်ဘာလ (၁၇)ရက်။
နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ရသေ့တောင်မြိုရှိ ကျေးရွာအချိုကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်ခဲ့တယ်လို AA ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
“ အကြမ်းဖက်စစ်ကောင်စီတပ်က ဘာထလေရွာနဲ့ နွားတင်းကုတ်ရွာတွေထဲ ဂျက်လေယာဉ် (၂)စီး ရှေ့ဆင့်နောက်ဆင့်လာပြီး ရော့ကတ်(၂)လုံးစီ ပစ်သွားတာ” လို ဆိုပါတယ်။
စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်တာကြောင့် နွားတင်းကုတ်ရွာရှိ အရပ်သားပြည်သူ (၂)ဦး သေဆုံးခဲ့ကာ အလတ်စားဒဏ်ရာရရှိသူ (၂)ဦးရှိခဲ့တယ်လို ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီဖြစ်စဉ်ထဲ ဘာထလေချောင်းထဲ သွားလာနေတဲ့ အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာရရှိခဲ့သလို ချောင်းဘေးရှိ စက်လှေ (၅)စီး ပျက်စီးခဲ့ရတယ်လို ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ ရှမ်းမြောက်မှာ အပစ်အခတ်ရပ်စဲတာတွေ ပြုလုပ်တာကို အခွင့်ကောင်းယူပြီး ရခိုင်ဒေသထဲက AA တပ်ဖွဲဝင်တွေ ရှိတဲ့နေရာသာမကဘဲ ရခိုင်ပြည်သူတွေကို လေကြောင်းတိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်လာတယ်လို သိရပါတယ်။










