နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မှတ်တမ်းဗီဒီယို ထွက်ပေါ်

‌သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မှတ်တမ်းဗီဒီယို ထွက်ပေါ်

ဇွန်လ (၁၈)ရက်။

သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ စီစီတီဗီ မှတ်တမ်းဗီဒီယိုဖိုင်တခု ဂါးဒီးယန်းသတင်းဌာနကနေ ဒီကနေ့မှာ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

ပြည်ပသတင်းဌာနတခုဖြစ်တဲ့ ဂါးဒီးယန်းသတင်းဌာနကနေ ထွက်ပေါ်လာတဲ့ အဲ့ဒီမှတ်တမ်းဗီဒီယိုထဲ တရားခွင်မှာ အမှုရင်ဆိုင်နေရတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‌ထောင်ထဲ နေ့စဉ်ပုံရိပ်မှတ်တမ်းတွေကို တွေ့ရှိရပါတယ်။

တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မှတ်တမ်းဗီဒီယိုဟာ ၂၀၂၂ခုနှစ် အောက်တိုဘာနဲ့ ဒီဇင်ဘာလတွေတုန်းကဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးဝင်းမြင့်နဲ့အတူ အဂတိအမှုအတွက် ရင်ဆိုင်နေရချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဂါးဒီးယန်းသတင်းဌာနရဲ့ မှတ်တမ်းထဲမှာ ၂၀၂၄ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေက ရက်အချို့ပါဝင်သလို နေပြည်တော်မှာ အထူးတည်ဆောက်ထားတဲ့ ထိန်းသိမ်းရာ အဆောက်အအုံထဲရှိ သူမရဲ့ ဘဝပုံရိပ်တွေကိုလဲ အသေစစိတ် ဖော်ပြထားပါတယ်။

မှတ်တမ်းဖော်ပြထားတာတွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနေ့တာဟာ နံနက် (၄)နာရီခွဲအချိန်ကစတင်ပြီး ည (၈)နာရီခွဲအချိန်မှာ ပြီးဆုံးကာ နံနက်တိုင်း တစ်နာရီကျော် တရားထိုင်သလို ညနေပိုင်း လမ်းလျှောက်လေ့ကျင့်ခန်းကို အခန်းတဝိုက်မှာ မိနစ် (၃၀)ကြာ ပြုလုပ်ကာ တနေ့တာထဲ စိပ်ပုတီးကိုလဲ အသုံးပြုတယ်လို့ သိရပါတယ်။

“ သူ့အသံနဲ့ လမ်းလျှောက်ပုံက မပြောင်းပါဘူး။ သူက ပန်းတော့မပန်တော့ဘူး၊ သူမပန်ချင်တော့လို့လဲ ပါတာပေါ့” လို့ ပြီးခဲ့တဲ့နှစ်ဦးပိုင်းက သူမကို နောက်ဆုံးတွေ့ရှိခဲ့ပြီး ပုံရိပ်မှတ်တမ်းတွေကို အတည်ပြုပေးတဲ့ ထောင်ရဲ့အရင်းအမြစ်တစ်ဦးက ထည့်သွင်းပြောဆိုထားပါတယ်။

မှတ်တမ်းတခုမှာ သူမဟာ နေ့လယ်စာအနေနဲ့ ထမင်း (၂)ဇွန်း၊ ကြက်သား၊ ငါးဆုပ်ဟင်းချို၊ ချောကလက် (၂)တုံးနဲ့ နဂါးမောက်သီးတစ်စိတ်တို့ကို အများဆုံးစားသောက်ပြီး နံနက်စာအတွက် ကြက်ဥမကျက်တကျက်ကြော် (၂)လုံးနဲ့ ညစာအတွက် ပေါင်မုန့်နဲ့ ဟင်းချိုတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး စစ်အစိုးရ ထိန်းချုပ်ထားတဲ့ သတင်းစာတွေကို ရရှိတယ်လို့ ဆိုပါတယ်။

ဂါးဒီးယန်းသတင်းစာက ဖော်ပြလာတဲ့ မှတ်တမ်းဗီဒိယိုဟာ ဇွန်လ (၁၉)ရက်မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)နှစ်ပြည့် မွေးနေ့မတိုင်ခင်အချိန်မှာ ထွက်ပေါ်လာတာလဲ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ အမှု (၁၉)မှုအ‌တွက် ထောင်ဒဏ် (၃၃)နှစ် ချမှတ်ခဲ့ပြီး အမှုအချို့ကို ပြစ်ဒဏ်လျော့ပေါ့ခဲ့ကာ ထောင်ဒဏ် (၂၇)နှစ် ဆက်လက်ကျခံနေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဖောင်းပြင်မြို့ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းနဲ့ အကြိမ်(၅၀)ထက်မနည်း တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 18 Views
ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်ကစပြီး ည (၁၀)နာရီကျော်အချိန်အထိ ဖောင်းပြင်မြို့ရှိ
မြန်မာသတင်း

ရွာငံတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဗိုလ်(၁)ဦးအပါအဝင် (၁၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 18 Views
တိုက်ပွဲထဲ ပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့် စစ်ရေးရည်မှန်းချက်တွေ မလုပ်ဆောင်နိုင်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ရွာငံမြို့ ကျောက်ငှက်-အုတ်တွင်းလမ်းပိုင်းမှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ Danu PDF(၁၀၀၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ကို
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်ဆိုပြီး စစ်ကော်မရှင်ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်လို့ မနေ့က စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာ စစ်ကော်မရှင်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို မပို့ခင် စုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေကို တွေ့ရတာကြောင့်
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 36 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့ ပြည်သူတွေအနေနဲ့
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 33 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “