နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူရှိ ဇီးကုန်းမြို့မရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေ မိနစ်ပိုင်းနဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၊ စစ်တပ်ဘက်က အရာရှိအပါအဝင် (၆)ဦးသေဆုံး

စက်တင်ဘာလ (၁၈)ရက်။

မနေ့က နေ့လယ် (၃)နာရီအချိန်က ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

“ အဲ့ဒီစခန်းသိမ်းတိုက်ပွဲက နာရီဝက်လောက်ပဲကြာတယ်။ စစ်တပ်ဘက်က အချိန်မီစစ်ကူပို့ပေးဖို့ တောင်းပေမယ့် မရောက်လာလို့ ဆုံးရှုံးခဲ့တာ။ ဒါကို ကန့်ဘလူမြို့ပေါ်က ဘဘကြီးတွေ နှမြောတသဖြစ်နေတယ်လို့ကြားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဇီးကုန်းမြို့မရဲစခန်းတိုက်ပွဲဟာ မိနစ်(၃၀)ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က စစ်ကူတောင်းခဲ့ပေမယ့် အချိန်မီ မရောက်လာ‌တာကြောင့် တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲထဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၆)ဦးသေဆုံးခဲ့ပြီး အချုပ်သား (၃)ဦးအပါအဝင် ဗိုလ်လေး (၂)ဦး၊ တပ်သား (၂)ဦး၊ တပ်သားမိန်းမ (၂)ဦးနဲ့ ကလေး (၂)ဦးတို့ကို အရှင်ဖမ်းမိခဲ့ပါတယ်။

နောက်ပြီး စစ်တပ်ဆီကနေ G-3 သေနတ် (၉)လက်၊ G-4 သေနတ် (၁)လက်၊ MA-15 သေနတ် (၁)လက်နဲ့ ပစ္စတို (၁)လက်တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားချိန် မိနစ်(၃၀)ခန့် ကြာမြင့်ခဲ့ပေမယ့် ဇီးကုန်းမြို့နဲ့ (၂)မိုင်/(၃)မိုင်သာဝေးတဲ့ ဇီးကုန်းသကြားစက်နဲ့ ဝက်တိုးအထိုင်တို့က စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲပြီးဆုံးပြီး (၂)နာရီခန့်အကြာမှသာ စစ်ကူရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဇီးကုန်းမြို့မရဲစခန်းကို ကန့်ဘလူခရိုင်ပကဖလှုပ်ရှားမှုအဖွဲ့ ဦးဆောင်ကာ ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

အခုအခါ ဇီးကုန်သကြားစက်ကနေ အင်အားဖြည့်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး အင်အား (၅၀)ခန့်နဲ့ ဝက်တိုးဘက်ကထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးအင်အား (၆၀)ခန့်တို့ဟာ ဇီးကုန်းမြို့နဲ့ ပတ်ပတ်လည်တို့မှာ ကင်းပုန်းဝတ်ပြီး နေရာယူထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အထိနာတဲ့ စစ်တပ်ဟာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူတာတွေ အချိန်မရွေး လုပ်လာနိုင်တာကြောင့် ပြည်သူတွေ သတိထားသွားလာဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 14 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 22 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 15 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 35 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 25 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 26 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 45 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 36 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့