နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

နတ်ရေကန်ဗျူဟာကုန်းကနေ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေရှိတယ်လို့ AA ထုတ်ပြန်

အောက်တိုဘာလ (၁၈)ရက်။

တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်းကနေ ဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ အလံဖြူထောင် အလင်းဝင်သူတွေ ရှိနေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ထိုးစစ်ဆင်နေတဲ့ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲကနေ ကစဉ့်ကလျားထွက်ပြေးလာတဲ့ စကမတပ်ဖွဲ့ဝင်တွေကို ဖမ်းမိတာတွေရှိတယ်၊ ပြီးတော့ အလံဖြူထောင် အလင်းဝင်လာသူတွေလဲ ဆက်တိုက်ရှိနေတယ်” လို့ ဆိုပါတယ်။

မနေ့က တိုက်ပွဲဖြစ်ပွားနေတဲ့ တချို့နေရာတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ AA ဆီ အလံဖြူထောင် လက်နက်ချအလင်းဝင်တာတွေရှိသလို လက်ရဖမ်းဆီးရမိတာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

AA အနေနဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်တပ်ဟာ ဗျူဟာကုန်းမကျစေဖို့ လေကြောင်းပစ်ကူနဲ့ စစ်ကူတွေ အဆက်မပြတ်ပေးနေတဲ့ကြားကနေ AA က အကောင်းဆုံး တုံ့ပြန်ခံစစ်တွေနဲ့အတူ ထိုးစစ်ဆင်နေတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး AA အနေနဲ့ စစ်ကော်မရှင်ရဲ့ နတ်ရေကန်ဗျူဟာကုန်းရှိ အနည်းငယ်ကျန်တဲ့ နေရာတွေကို ထိုးစစ်ဆင်နေသလို ထွက်ပြေးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ မတရား စစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေအနေနဲ့လဲ AA နဲ့ အနီးဆုံးနေရာတွေကို ဆက်သွယ်ပြီး အချိန်မရွေး လက်နက်ချအလင်းဝင်ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 4 Views
အောက်တိုဘာလ (၁၈)ရက်။ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၉)နာရီအချိန်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ကန့်ဘလူခရိုင်-PDF ရဲ့
မြန်မာသတင်း

NCA နှောင့်နှေးရတာက NLD အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြောင့်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 7 Views
အောက်တိုဘာလ (၁၈)ရက်။ NCA နှောင့်နှေးရတာက NLD အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့
မြန်မာသတင်း

သီပေါမြို့ထဲ နယ်မြေဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 35 Views
အောက်တိုဘာလ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ထဲကို နယ်မြေဝင်ရောက်ရှင်းလင်းခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းတွေဟာ သီပေါမြို့နဲ့ ဒေသတဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေကာ မြို့အဝင် တိုးဂိတ်ကိုရောက်ရှိချိန် မြို့ထဲ
မြန်မာသတင်း

တရက်ကို လူတဦး ကြက်ဥတလုံးစားနိုင်အောင် ကြက်အကောင်ရေ တိုးမွေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 32 Views
အောက်တိုဘာလ (၁၇)ရက်။ တရက်ကို လူတဦး ကြက်ဥတလုံးစားနိုင်အောင် ကြက်အကောင်ရေကို တိုးမြှင့်မွေးမြူဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တိုင်း/ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဥပမာအနေနဲ့ ရန်ကုန်တိုင်းမှာ လူဦးရေ (၇)သန်းရှိပြီး လူဦးရေတဝက်က
မြန်မာသတင်း

နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာတွေကို AA ထိုးစစ်ဆင်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 27 Views
အောက်တိုဘာလ (၁၇)ရက်။ မကွေးတိုင်း အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာတွေကို ထိုးစစ်ဆင်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် လက်ကျန်နေရာတွေကို ထိုးစစ်ဆင်နေသလို ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောက်စီတပ်ဖွဲ့တွေနဲ့
မြန်မာသတင်း

နမ္မတူရှိ စာသင်ကျောင်းအနီး လေကြောင်းဗုံးကြဲခံရပြီး အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 26 Views
အောက်တိုဘာလ (၁၇)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲဝန်းကျင်က နမ္မတူမြို့ရှိ အထက(၁)ကျောင်းအနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၈)နာရီ (၂၈)မိနစ်လောက်မှာ အထက(၁)ကျောင်းဝန်းကျင်က ပြည်သူတွေကို ဦးတည်ပြီး
မြန်မာသတင်း

စစ်တပ်ရဲ့ ခလရ(၇၅)တပ်ရင်းက စစ်မှုထမ်းတပ်သား (၇)ဦး KNLA ထံ အလင်းဝင်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 24 Views
အောက်တိုဘာလ (၁၇)ရက်။ စစ်တပ်ရဲ့ ခလရ(၇၅)တပ်ရင်းက စစ်မှုထမ်းတပ်သား (၇)ဦး အလင်းဝင်လာတယ်လို့ KNU ရဲ့ ဒီကနေ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းတပ်သား (၇)ဦးဟာ အောက်တိုဘာလ (၁၅)ရက်နေ့က လယ်ဒိုမြို့ရှိ KNLA တပ်ရင်း (၉)ထံ
မြန်မာသတင်း

ရွေးကောက်ပွဲကို ရာနှုန်းပြည့် မကျင်းပနိုင်ဘူးလို့ စစ်ခေါင်းဆောင် ဝန်ခံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 48 Views
အောက်တိုဘာလ (၁၆)ရက်။ အကြောင်းအမျိုးမျိုးကြောင့် ရာနှုန်းပြည့် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ NCA (၁၀)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ပထမအကြိမ်မှာ (၁၀၂)မြို့နယ်နဲ့ ဒုတိယအကြိမ်မှာ မြို့နယ်(၁၀၀)