နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

အောက်တိုဘာလ (၁၈)ရက်။

အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၉)နာရီအချိန်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ကန့်ဘလူခရိုင်-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အဲ့ဒီဇနီးမောင်နှံက ကောလင်း ညောင်ကုန်းရွာကနေ တန့်ဆည်ဘက်ကို ကထိန်ခင်းဖို့ သွားတာ။ အဲ့ဒါကို ရွှေဘို-မြစ်ကြီးနားလမ်းပေါ်က စံပယ်နံ့သာပျူစောထီးအထိုင်စခန်းက ဖမ်းသွားတာ။ ပြီးတော့ သူတို့ဆီကပါလာတဲ့ ရွှေတွေ၊ ငွေတွေကိုလဲယူတယ်။ အမျိုးသမီးကိုလဲ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်သေးတယ်။ ခင်ပွန်းဖြစ်တဲ့ အမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်လာတယ်” လို့ ဆိုပါတယ်။

ကိုကျော်မျိုးနဲ့ မအေးမာဦးတို့ ဇနီးမောင်နှံ(၂)ဦးဟာ ကောလင်းမြို့ ညောင်ကုန်းရွာကနေ တန့်ဆည်နယ်ဘက်ကို ကထိန်ခင်းဖို့သွားရာက စံပယ်နံ့သာပျူစောထီးအထိုင်စခန်းက ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ဇနီးမောင်နှံ(၂)ဦးဆီကနေ ဆွဲသီးပါ ရွှေဆွဲကြိုး (၂)ကုံး၊ (၁)ကျပ်သားရွှေအခဲ (၁)ခဲ၊ နားကပ်(၁)ရံ၊ လက်ကောက် (၁)ကွင်း စုစုပေါင်း ရွှေ(၇)ကျပ်သားနဲ့ ငွေသား (၇)သိန်းနဲ့ ဖုန်း(၃)လုံး ဆိုင်ကယ်တစီးကို ယူဆောင်သွားတယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ဖမ်းဆီးခံရတဲ့ မအေးမာဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တယ်လို့ ကန့်ဘလူခရိုင် အမှတ်(၃)PDF ထံ ထွက်ပြေးလွတ်မြောက်လာတဲ့ ခင်ပွန်းဖြစ်သူ ကိုကျော်မျိုးက ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ထွက်ပြေးလွတ်မြောက်လာတဲ့ ကိုကျော်မျိုးဟာလဲ စစ်တပ်ရဲ့ မတရားဖမ်းဆီးနှိပ်စက်တာကြောင့် ဒဏ်ရာတွေ ရရှိခဲ့တာကို သတင်းဓါတ်ပုံနဲ့အတူ ကန့်ဘလူ-PDF က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၃)ရက်နေ့က ရွှေဘိုကနေ တနိုင်းကိုတက်လာတဲ့ အန်စာတုံးကားတစီးပေါ်ကနေ လူငယ် (၉)ဦးကို စံပယ်နံသာပျူစောထီးစခန်းက မတရား ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာ စစ်ကောင်စီတပ်စခန်းတွေရှိတဲ့ နေရာတွေကို သတိပြုရှောင်ကြဉ်သွားလာကြဖို့ ကန့်ဘလူခရိုင်အမှတ်(၃)PDF တပ်ရင်းက အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့