နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

အောက်တိုဘာလ (၁၈)ရက်။

TNLA သိမ်းပိုက်ထားတဲ့ သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်ဟာ အောက်တိုဘာလ (၂)ရက်နေ့ကစပြီး စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်ခဲ့ရာ အောက်တိုဘာလ (၁၇)ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီစစ်ဆင်ရေးကာလထဲ တိုက်ပွဲပေါင်း (၇)ကြိမ်နဲ့ ထိတွေ့မှုပေါင်း (၂၁)ကြိမ် စုစုပေါင်း (၂၈)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ ဖော်ပြထားတာမရှိပါဘူး။

စစ်တပ်ဟာ ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် သီပေါမြို့ကို လေကြောင်းအပါအဝင် မြေပြင်စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာ ရှိခဲ့ပါတယ်။

ကျောက်မဲနဲ့ သီပေါမြို့ကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်ကနေ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က တဖက်တလမ်းကနေ ပါဝင်ကူညီနေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် TNLA အနေနဲ့ စစ်ကောင်စီတပ်ကို တိုက်ထုတ်ဖို့ အားလုံးနဲ့ ပူးပေါင်းလိုပေမယ့် ပူးပေါင်းပါဝင်မှု အားနည်းတာကြောင့် တအာင်း‌ဒေသရှိ မြို့တွေကို ဆက်လက်ထိန်းချုပ်ဖို့ အခက်အခဲရှိနေတယ်လို့ ပြောခွင့်ရ လွေးယေဦးက ဆိုပါတယ်။

အခုလို စစ်တပ်ဘက်ကနေ ကူညီနေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး SSPP ဘက်က တစုံတရာ ပြောဆိုထားတာမရှိဘဲ မနေ့က ည (၈)နာရီကျော်အချိန်မှာ သီပေါမြို့နဲ့ နမ္မတူမြို့တို့ ဆက်သွယ်ထားတဲ့ မိုးတေတံတား မိုင်းခွဲဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တအာင်းဒေသရှိ မြို့နယ်တွေကို ပြန်ရဖို့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေကာ အခုလ (၁၆)ရက်တာကာလထဲ အရပ်သား (၃၀)နီးပါး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်အပါ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 44 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ရေစကြိုမြို့အထွက်မှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေ အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 36 Views
နိုဝင်ဘာလ (၈)ရက်။ အခုအချိန်မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ တဖြည်းဖြည်း အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လေယာဉ်/ရဟတ်ယဉ် တပ်တော်ဝင်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ဖို့ CRPH ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 41 Views
နိုဝင်ဘာလ (၈)ရက်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ပေးဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို CRPH က ဒီကနေ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ (၅)နှစ်ပြည့်မှာ ထပ်မံတောင်းဆိုထားတယ်လို့ သိရပါတယ်။ အခုအခါ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့်
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 44 Views
နိုဝင်ဘာလ (၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သဝဏ်လွှာထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချို့ရဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အခုအခါ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ပြီး
မြန်မာသတင်း

ခြင်္သေ့ရုပ်တွေ့ရင် လက်ညှိုးနဲ့ ခလုပ်နှိပ်ပါဆိုပြီး မဲပေးစက်အကြောင်း ရှင်းပြချိန် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦး မဲဆွယ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 40 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ပြင်ဦးလွင်မြို့ရှိ ဝါးပိုးရေရွာနဲ့ အင်သာရွာတို့မှာ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦးက မဲဆွယ်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီမဲဆွယ်ပွဲမှာ မြထွန်းဦးက မဲပေးစက်အကြောင်း ရှင်းပြချိန် ခြင်္သေ့ရုပ်တွေ့ရင် ဘေးကခလုတ်ကို လက်ညှိုးနဲ့သာနှိပ်ဖို့ဆိုပြီး
မြန်မာသတင်း

ကျုံဒိုးမြို့မှာ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို လက်မခံဖို့နဲ့ ည(၈)နာရီကနေ နံနက် (၆)နာရီအထိ ခရီးမသွားဖို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 40 Views
နိုဝင်ဘာလ (၇)ရက်။ ကျုံဒိုးမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာနဲ့ လက်ခံခေါ်ယူတာ မလုပ်ဖို့ KNU က အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့တရားဝင်မှုရရှိဖို့ အြမ်းဖက်မှုမျိုးစုံကို ကျုံဒိုးမြို့နယ်မှာ ပြုလုပ်နေကာ KNU အနေနဲ့
မြန်မာသတင်း

မိုးကုတ်မြို့ကို ကာကွယ်ဖို့ PDF တပ်ရင်း(၁)ရင်း ထပ်တိုးဖွဲ့စည်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 24 Views
နိုဝင်ဘာလ (၇)ရက်။ မိုးကုတ်မြို့ကို ကာကွယ်ဖို့ “ Ruby Land PDF” မိုးကုတ်တပ်ရင်း(၁)ရင်းကို ထပ်တိုးဖွဲ့စည်းခဲ့တယ်လို့ PDF-TRI ဗျူဟာရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ Ruby Land PDF” ကို
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားဖို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 25 Views
နိုဝင်ဘာလ (၇)ရက်။ စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားနိုင်တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘယ်သူမဆို ပြည်သူကို အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်အကျပ်ကိုင်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာလို့ ဆိုပါတယ်။