နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆားလင်းကြီးနယ်ထဲ စစ်တပ်ရဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ပြည်သူသောင်းနဲ့ချီ တိမ်းရှောင်နေရ

အောက်တိုဘာလ (၁၈)ရက်။

ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့မြောက်ဘက်ခြမ်းရှိ မြန်မာဝမ်ပေါင်အနီးက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းထံက သိရပါတယ်။

“ မနက်ပိုင်းကစပြီး ညောင်ပင်ကြီးစခန်းကနေ အင်အား (၁၅၀)လောက်နဲ့ထွက်လာတဲ့ စကမစစ်ကြောင်းက ဆားလင်းကြီးနယ်မြောက်ဘက်ခြမ်းက ဝမ်ပေါင်အနီးမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတာ” လို့ ဆိုပါတယ်။

အဲ့ဒီစစ်‌တပ်စစ်ကြောင်းဟာ မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတာဖြစ်ပြီး ညောင်ပင်ကြီးရဲစခန်းကနေ အင်အား (၁၅၀)ခန့်နဲ့ မြန်မာဝမ်ပေါင်အနီးက ကျေးရွာတွေကို ဝင်ရောက်လာတာလို့ သိရပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ (၂၀)ကျော်က ပြည်သူ သောင်းနဲ့ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး စစ်တပ်စစ်ကြောင်းဟာ ပြည်သူအချို့ကို လမ်းပြအနေနဲ့ ဖမ်းဆီးခေါ်ဆောင်ထားသလို နေအိမ်တွေထဲ ဝင်ရောက်မွှေနှောက်ကာ ရွှေ၊ငွေအချို့နဲ့ ပစ္စည်းတွေကို ခိုးယူထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေချိန် နမခတိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီး (၂)စီးနဲ့ ဆားလင်းကြီးနယ်အရှေ့ခြမ်းကို ဗုံးသီး (၁၀)လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်တပ်စစ်ကြောင်းရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်လဲ ပြည်သူ (၁)ဦး ထိမှန်ခဲ့ကာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပေါ် ထိခိုက်ပျက်စီးတဲ့အခြေအနေကို မသိရသေးပါဘူး။

အခုအခါ အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ လယ်တီရွာနဲ့ ဆည်တည်းရွာမှာ ညအိပ်တည်ရှိနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတဦးကို မြို့နယ်ပကဖ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 11 Views
ဖမ်းဆီးခံရသူဟာ လက်ထိပ်ချွတ်ပြီး ခုခံထွက်ပြေးတာကြောင့် အသေပစ်သတ်ခဲ့ရ ဒီဇင်ဘာလ (၁)ရက်။ ကျွန်းစုမြို့ရှိ ကျေးရွာတွေမှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတွေထဲက
မြန်မာသတင်း

မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 13 Views
မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ ဒီဇင်ဘာလ (၁)ရက်။ စစ်ကိုင်းတိုင်းရှိ မင်းကင်းမြို့နယ်က CDM
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချဖို့ ကရင်လူမှုအဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 11 Views
ဒီဇင်ဘာလ (၁)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံထဲရှိ နိုင်ငံရေးပဋိပက္ခပြဿနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကရင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီလို ပြည်သူလူထုအများစုရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ်လုပ်ယူတဲ့ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲကို ကရင်လူမှုအဖွဲ့တွေက အပြင်းအထန်ရှုံ့ချထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

မိုးကုတ်မြို့အတွက် တောင်းပန်ဖို့ စကားလုံးမရှိလို့ TNLA ခေါင်းဆောင် ဗိုလ်ချုပ် တားဘုန်းကျော်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 13 Views
ဒီဇင်ဘာလ (၁)ရက်။ မိုးကုတ်မြို့နဲ့ပတ်သက်ပြီး တောင်းပန်ဖို့ စကားလုံးမရှိဘူးလို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နှင်းသီးကြွေ ခြေစုံခိုက် ရင်ဝယ်ဆူးစိုက် လောင်မြိုက်မျက်ရည် အို… မိုးကုတ်
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ အလွန်အားနည်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 9 Views
ဒီဇင်ဘာလ (၁)ရက်။ တော်လှန်ရေးအင်အားစုတွေဟာ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်တာ အလွန်အားနည်းနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ ‌လေ့လာရေးအဖွဲ့(MDSI)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရည်မှန်းချက်အတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပြီး တန်ပြန်ထိုးစစ်တွေမှာ
မြန်မာသတင်း

ဒါရိုက်တာ မိုက်တီးနဲ့ သရုပ်ဆောင် (၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ထောင် (၇)နှစ်စီချခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 39 Views
နိုဝင်ဘာလ (၃၀)ရက်။ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်တပ်က ထောင် (၇)နှစ်စီ ချမှတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်တပ်က ဝါဒဖြန့်ရိုက်ကူးတဲ့ ‌” ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင်ကို
မြန်မာသတင်း

မိုးကုတ်မြို့ထဲ စစ်ကော်မရှင်တပ်တွေ ဝင်ရောက်လာ၊ 

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 43 Views
တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်တာကြောင့် မြို့ခံအားလုံးနီးပါး တိမ်းရှောင်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေ နိုဝင်ဘာလ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်ကစပြီး မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကော်မရှင်တပ်တွေ စတင်ဝင်ရောက်လာခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနေ့က ည‌ပိုင်းလောက်ကစပြီး မြို့ထဲကို
မြန်မာသတင်း

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 39 Views
နိုဝင်ဘာလ (၃၀)ရက်။ မန္တလေးလွှတ်တော်က မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ အတည်ပြုဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ မန္တလေးလွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပေးခဲ့တာနဲ့ ကောင်စီဝင်တွေက ကတိသစ္စာပြုခဲ့တာတို့ကို