နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုဂံ ညောင်ဦးမြို့မှာ NUG လက်အောက်ခံ လက်နက်ကိုင်တစ်စုက လူသတ်ဓါးပြတိုက်မှုတွေ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေပြော

ဇန်နဝါရီလ (၁၉) ရက်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလပိုင်းကစပြီး ပုဂံ ညောင်ဦးမြို့နယ်က ဒေသခံဆိုင်ပိုင်ရှင်အချို့ကို လက်နက်ကိုင်လူတစ်စု လူသတ်ဓါးပြတိုက်ပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးကို သတင်းပို့ပြောပြချက်တွေအရ သိရပါတယ်။

“ ဒီဇင်ဘာလထဲကစပြီး ဒေသခံတွေနဲ့ ဆိုင်ပိုင်ရှင်အချို့ကို ပစ်မှတ်ထားပြီး လက်နက်ကိုင်တစ်စုက လူသတ်ဓါးပြတိုက်တာတွေ ပြုလုပ်လာတာ။ အဲ့ဒီတလထဲမှာတင် လူသတ်ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ် (၅) ခုလောက် ရှိတယ်။ ဓါးပြတိုက်ခံရတဲ့အထဲမှာဆိုရင် ဆီဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ ကုန်မာဆိုင်အချို့ပါတယ်” လို့ ဆိုပါတယ်။

လူသတ်ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်တွေဟာ ညောင်ဦးမြို့ မီးလောင်ဖျားမြောက်ရွာရှိ မေရီမြင့်စက်သုံးဆီဆိုင်အပါအဝင် ‌ပျော်ဘွယ်ရွာရှိ ‌အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ ကြအိုကျွန်းရွာအရှေ့ဘက်ရှိ အောင်သိုက်ဦးကုန်မာဆိုင်တို့ဖြစ်တယ်လို့ သိရပါတယ်။

မေရီမြင့်စက်သုံးဆီဆိုင်ဖြစ်စဉ်

စက်သုံးဆီဆိုင် ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ လက်နက်ကိုင်ဆောင်ထားသူ (၄) ဦးက ဆိုင်ပိုင်ရှင် ဒေါ်မေရီမြင့်နဲ့ ဆိုင်အကူဝန်ထမ်း ဒေါ်ချောစုတို့ (၂) ဦး နောက်စေ့ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ကျပ်သိန်း (၁၃၀) ခန့်နဲ့ ရွှေအချို့ပါသွားခဲ့တယ်လို့ သိရပါတယ်။

အိမ်ဆောက်ပစ္စည်းဆိုင်ဖြစ်စဉ်

ပျော်ဘွယ်ရွာက အိမ်ဆောက်ပစ္စည်းဆိုင်ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်ကတော့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ လက်နက်ကိုင်ဆောင်ထားသူ (၇) ဦးက ပိုင်ရှင် ဦးရွှေတင့်နဲ့ ဇနီးဖြစ်သူကို ရိုက်နှက်ကာ ငွေသားအချို့ ယူဆောင်သွားခဲ့တာပါ။

အိမ်ဓားပြတိုက်မှုဖြစ်စဉ်

နောက်နေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ မနက် ၆ နာရီ ဝန်းကျင်မှာ ပျော်ဘွယ်ရွာမှာပဲ ဖြစ်ပွားခဲ့ပြီး ဦးမောင်ဝင်းရဲ့ နေအိမ်ကို လက်နက်ကိုင်ဆောင်ထားသူ နှစ်ဦးမှ ဓါးပြတိုက်ဝင်ရာမှာ နေအိမ်ပိုင်ရှင်တွေ မရှိတာကြောင့် အလုပ်သမားတွေဆီက ငွေသားချို့ ယူဆောင်သွားတယ်လို့ သိရပါတယ်။

အောင်သိုက်ဦးကုန်မာဆိုင်ဖြစ်စဉ်

နောက်နေ့ ဒီဇင်ဘာလ (၂၆) ရက်နေ့ ည ၇ နာရီမှာ ဖြစ်ပွားခဲ့တဲ့ အောင်သိုက်ဦးကုန်မာဆိုင် ဓါးပြတိုက်ခံရချိန်မှာတော့ လက်နက်ကိုင် (၇) ဦးက ဆိုင်ပိုင်ရှင် ဦးရာဇာ(ခ)ဦးဇေယျာထွန်းနဲ့ ယောက္ခမတော်စပ်သူ ဦးနေလင်းတို့ သတ်ဖြတ်ခံရပြီး ရွှေလက်ကောက်၊ ရွှေဆွဲကြိုးနဲ့ ရွှေနားကပ်အပါအဝင် ရွှေထည်ပစ္စည်းအချို့နဲ့ ငွေကျပ်သိန်း (၁၅၀)ခန့် ပါသွားခဲ့တာပါ။

အဲ့ဒီအခင်းဖြစ်ပွားတဲ့နေရာကို ဒေသခံတွေက သွားရောက်ကြည့်ရှုချိန် (125) အမျိုးအစား ဆိုင်ကယ်တစ်စီးနဲ့ မီးလောင်ဖျားကျေးရွာနေ ဦးသိန်းစိုးအမည်ပါ လျှပ်စစ်ပစ္စည်းဘောက်ချာတစ်ခုနဲ့ မှတ်ပုံတင်တစ်ခုကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မှတ်ပုံတင်မှာပါရှိတဲ့သူဟာ ပုဂံညောင်ဦးမြို့နယ်ပကဖရဲ့ တပ်ခွဲ (၃) 21 Bagan PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ မကွေးတိုင်းရုံးကွပ်ကဲရေးတပ်ဖွဲ့ဝင် Bagan Bocho PDF နဲ့ပူးပေါင်းပြီး ကျူးလွန်နေတာကို စုံစမ်းသိရှိရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဦးအောင်မင်းလွင်အသတ်ခံရမှုဖြစ်စဉ်

အခုလ ဇန်နဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းကလဲ မီးလောင်ဖျားမြောက်ရွာနေ အသင့်စား ငရုတ်ကြော်နဲ့ ငခြောက်ကြော်ရောင်းသူ ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးထိုးထားတဲ့ အသက်(၄၀)ကျော်အရွယ်ရှိ ဦးအောင်မင်းလွင်ကို လက်နက်ကိုင်တစ်စုက ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

“ (၉)ရက်နေ့က မီးလောင်ဖျားမြောက်ရွာ အနီးချောင်းထဲမှာ အသတ်ခံရတဲ့ ဦးအောင်မင်းလွင်က အရင်စစ်တပ်အာဏာမသိမ်းခင်ကတည်းက Bagan Bocho PDF တပ်ဖွဲ့ခေါင်းဆောင်နဲ့ ပုဂ္ဂိုလ်ရေး ပြဿနာတက်ဖူးပြီး တရားရုံးအထိ ဖြေရှင်းခဲ့ရဖူးတာမျိုးရှိတယ်” လို့ ဖြစ်စဉ်သိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လူနာတင်ကြားပစ်ခတ်ခံရမှုဖြစ်စဉ်

ဇန်နဝါရီလ (၈) ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်မှာ ညောင်ဦးမြိုနယ် မီးလောင်ဖျားမြောက်ရွာနဲ့ ဥယျာဉ်ရွာအကြား ချောင်းတနေရာမှာ လူနာတင်ကားကို မိုင်းဆွဲ ပစ်ခတ်လို့ လူနာစောင့် အသက် ၈၀ အရွယ် ဦးတင်ဝင်း ပေါင်ထိမှန် ဒဏ်ရာရသွားခဲ့ပါတယ်။ ကားဘီးပေါက်ပြီး လမ်းဘေးထိုးရပ်တာကို လက်နက်ကိုင် လူတစ်စုက စစ်ဆေးတယ်လို့ သိရပါတယ်။ မိုင်းသံနဲ့ ပစ်ခတ်သံတွေ ကြားရတဲ့ကျေးရွာနေ ပြည်သူတွေလည်း ရွာအနောက်ဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ။

အောင်သိုက်ဦးကုန်မာဆိုင်ဖြစ်စဉ်တွင် ဓားပြတိုက်သူများ ကျန်ရစ်ခဲ့သည့် သက်သေခံမော်တော်ဆိုင်ကယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 19 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 24 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့
မြန်မာသတင်း

အောင်ပွဲဟာ လက်တကမ်းအကွာကို ရောက်နေပြီလို NUG ပြော

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 24 Views
မတ်လ (၂၈)ရက်။ အောင်ပွဲဟာ လက်တကမ်းအကွာကို ဆိုက်ရောက်နေပြီလို NUG က (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ပေးပိုတဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အမှောင်ထုဟာ အလင်းကို မအုပ်စိုးနိုင်သလို ပြည်သူရဲ့ မတုန်မလှုပ်တဲ့ သန္နိဋ္ဌာန်နဲ့ စည်းလုံးတဲ့
မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 32 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ် (Donetsk) ဒေသမှာရှိတဲ့ ခံစစ်မြို့ကြီး လေးမြို့ကို ဦးတည်ပြီး နွေဦးထိုးစစ်ကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 39 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 38 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 24 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 41 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့