နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုဂံ ညောင်ဦးမြို့မှာ NUG လက်အောက်ခံ လက်နက်ကိုင်တစ်စုက လူသတ်ဓါးပြတိုက်မှုတွေ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေပြော

ဇန်နဝါရီလ (၁၉) ရက်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလပိုင်းကစပြီး ပုဂံ ညောင်ဦးမြို့နယ်က ဒေသခံဆိုင်ပိုင်ရှင်အချို့ကို လက်နက်ကိုင်လူတစ်စု လူသတ်ဓါးပြတိုက်ပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးကို သတင်းပို့ပြောပြချက်တွေအရ သိရပါတယ်။

“ ဒီဇင်ဘာလထဲကစပြီး ဒေသခံတွေနဲ့ ဆိုင်ပိုင်ရှင်အချို့ကို ပစ်မှတ်ထားပြီး လက်နက်ကိုင်တစ်စုက လူသတ်ဓါးပြတိုက်တာတွေ ပြုလုပ်လာတာ။ အဲ့ဒီတလထဲမှာတင် လူသတ်ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ် (၅) ခုလောက် ရှိတယ်။ ဓါးပြတိုက်ခံရတဲ့အထဲမှာဆိုရင် ဆီဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ ကုန်မာဆိုင်အချို့ပါတယ်” လို့ ဆိုပါတယ်။

လူသတ်ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်တွေဟာ ညောင်ဦးမြို့ မီးလောင်ဖျားမြောက်ရွာရှိ မေရီမြင့်စက်သုံးဆီဆိုင်အပါအဝင် ‌ပျော်ဘွယ်ရွာရှိ ‌အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ ကြအိုကျွန်းရွာအရှေ့ဘက်ရှိ အောင်သိုက်ဦးကုန်မာဆိုင်တို့ဖြစ်တယ်လို့ သိရပါတယ်။

မေရီမြင့်စက်သုံးဆီဆိုင်ဖြစ်စဉ်

စက်သုံးဆီဆိုင် ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ လက်နက်ကိုင်ဆောင်ထားသူ (၄) ဦးက ဆိုင်ပိုင်ရှင် ဒေါ်မေရီမြင့်နဲ့ ဆိုင်အကူဝန်ထမ်း ဒေါ်ချောစုတို့ (၂) ဦး နောက်စေ့ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ကျပ်သိန်း (၁၃၀) ခန့်နဲ့ ရွှေအချို့ပါသွားခဲ့တယ်လို့ သိရပါတယ်။

အိမ်ဆောက်ပစ္စည်းဆိုင်ဖြစ်စဉ်

ပျော်ဘွယ်ရွာက အိမ်ဆောက်ပစ္စည်းဆိုင်ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်ကတော့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ လက်နက်ကိုင်ဆောင်ထားသူ (၇) ဦးက ပိုင်ရှင် ဦးရွှေတင့်နဲ့ ဇနီးဖြစ်သူကို ရိုက်နှက်ကာ ငွေသားအချို့ ယူဆောင်သွားခဲ့တာပါ။

အိမ်ဓားပြတိုက်မှုဖြစ်စဉ်

နောက်နေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ မနက် ၆ နာရီ ဝန်းကျင်မှာ ပျော်ဘွယ်ရွာမှာပဲ ဖြစ်ပွားခဲ့ပြီး ဦးမောင်ဝင်းရဲ့ နေအိမ်ကို လက်နက်ကိုင်ဆောင်ထားသူ နှစ်ဦးမှ ဓါးပြတိုက်ဝင်ရာမှာ နေအိမ်ပိုင်ရှင်တွေ မရှိတာကြောင့် အလုပ်သမားတွေဆီက ငွေသားချို့ ယူဆောင်သွားတယ်လို့ သိရပါတယ်။

အောင်သိုက်ဦးကုန်မာဆိုင်ဖြစ်စဉ်

နောက်နေ့ ဒီဇင်ဘာလ (၂၆) ရက်နေ့ ည ၇ နာရီမှာ ဖြစ်ပွားခဲ့တဲ့ အောင်သိုက်ဦးကုန်မာဆိုင် ဓါးပြတိုက်ခံရချိန်မှာတော့ လက်နက်ကိုင် (၇) ဦးက ဆိုင်ပိုင်ရှင် ဦးရာဇာ(ခ)ဦးဇေယျာထွန်းနဲ့ ယောက္ခမတော်စပ်သူ ဦးနေလင်းတို့ သတ်ဖြတ်ခံရပြီး ရွှေလက်ကောက်၊ ရွှေဆွဲကြိုးနဲ့ ရွှေနားကပ်အပါအဝင် ရွှေထည်ပစ္စည်းအချို့နဲ့ ငွေကျပ်သိန်း (၁၅၀)ခန့် ပါသွားခဲ့တာပါ။

အဲ့ဒီအခင်းဖြစ်ပွားတဲ့နေရာကို ဒေသခံတွေက သွားရောက်ကြည့်ရှုချိန် (125) အမျိုးအစား ဆိုင်ကယ်တစ်စီးနဲ့ မီးလောင်ဖျားကျေးရွာနေ ဦးသိန်းစိုးအမည်ပါ လျှပ်စစ်ပစ္စည်းဘောက်ချာတစ်ခုနဲ့ မှတ်ပုံတင်တစ်ခုကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မှတ်ပုံတင်မှာပါရှိတဲ့သူဟာ ပုဂံညောင်ဦးမြို့နယ်ပကဖရဲ့ တပ်ခွဲ (၃) 21 Bagan PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ မကွေးတိုင်းရုံးကွပ်ကဲရေးတပ်ဖွဲ့ဝင် Bagan Bocho PDF နဲ့ပူးပေါင်းပြီး ကျူးလွန်နေတာကို စုံစမ်းသိရှိရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဦးအောင်မင်းလွင်အသတ်ခံရမှုဖြစ်စဉ်

အခုလ ဇန်နဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းကလဲ မီးလောင်ဖျားမြောက်ရွာနေ အသင့်စား ငရုတ်ကြော်နဲ့ ငခြောက်ကြော်ရောင်းသူ ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးထိုးထားတဲ့ အသက်(၄၀)ကျော်အရွယ်ရှိ ဦးအောင်မင်းလွင်ကို လက်နက်ကိုင်တစ်စုက ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

“ (၉)ရက်နေ့က မီးလောင်ဖျားမြောက်ရွာ အနီးချောင်းထဲမှာ အသတ်ခံရတဲ့ ဦးအောင်မင်းလွင်က အရင်စစ်တပ်အာဏာမသိမ်းခင်ကတည်းက Bagan Bocho PDF တပ်ဖွဲ့ခေါင်းဆောင်နဲ့ ပုဂ္ဂိုလ်ရေး ပြဿနာတက်ဖူးပြီး တရားရုံးအထိ ဖြေရှင်းခဲ့ရဖူးတာမျိုးရှိတယ်” လို့ ဖြစ်စဉ်သိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လူနာတင်ကြားပစ်ခတ်ခံရမှုဖြစ်စဉ်

ဇန်နဝါရီလ (၈) ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်မှာ ညောင်ဦးမြိုနယ် မီးလောင်ဖျားမြောက်ရွာနဲ့ ဥယျာဉ်ရွာအကြား ချောင်းတနေရာမှာ လူနာတင်ကားကို မိုင်းဆွဲ ပစ်ခတ်လို့ လူနာစောင့် အသက် ၈၀ အရွယ် ဦးတင်ဝင်း ပေါင်ထိမှန် ဒဏ်ရာရသွားခဲ့ပါတယ်။ ကားဘီးပေါက်ပြီး လမ်းဘေးထိုးရပ်တာကို လက်နက်ကိုင် လူတစ်စုက စစ်ဆေးတယ်လို့ သိရပါတယ်။ မိုင်းသံနဲ့ ပစ်ခတ်သံတွေ ကြားရတဲ့ကျေးရွာနေ ပြည်သူတွေလည်း ရွာအနောက်ဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ။

အောင်သိုက်ဦးကုန်မာဆိုင်ဖြစ်စဉ်တွင် ဓားပြတိုက်သူများ ကျန်ရစ်ခဲ့သည့် သက်သေခံမော်တော်ဆိုင်ကယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

တပ်ခရိုင် (Tak) ၏ ရဲမှူးချုပ်နှင့် အမှတ် (၅) စစ်ဆေးရေးတပ်မ (၅) တိုင်းမှူး ရဲမှူးချုပ် တို့ကို နေရာရွှေ့ပြောင်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ မြဝတီမြို့နယ်ရှိ ရာဇ၀တ်ဂိုဏ်းနှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စစ်ဆေးရန် ဆိုင်းငံ့ထားသည့် အမှတ် (၅)
မြန်မာသတင်း

လက်ပံတန်းမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလင်မယား(၂)ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ဒီကနေ့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်က လက်ပံတန်းမြို့နယ် မကျီးကွင်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး လင်မယား (၂)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့
1027 Operations မြန်မာသတင်း

နိုင်ငံရေးနဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အခုအချိန်အထိ ပြည်ထောင်စုနိုင်ငံ မတည်ဆောက်နိုင်တာက နိုင်ငံရေးနဲ့ တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲဆိုတာကို ညွှန်ပြနေတာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PSLF/TNLA ကို (၇၈)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့
မြန်မာသတင်း

အင်အားစုတွေ တော်လှန်ရေးကို မျက်နှာမူပြီး သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အင်အားစုတွေအနေနဲ့ ပြည်သူကို ရှေ့ရှုပြီး တော်လှန်ရေးကို မျင်နှာမူကာ သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပိုစုစည်းဖို့ လိုလာတဲ့အချိန်မှာ အင်အားစုတွေအသီးသီးကလဲ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တပ်မ (၉၉) နည်းဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးထား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ တပ်မ (၉၉)နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို မကွေးတိုင်း၊ ငဖဲမြို့နယ် ကံမြင့်ကန်၊ ဂုတ်စည်းရိုးတိုက်ပွဲမှာ အာရက္ခတပ်တော် (AA)က ဖမ်းမိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
မြန်မာသတင်း

အင်အားစုတွေ တော်လှန်ရေးကို မျက်နှာမူပြီး သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ အင်အားစုတွေအနေနဲ့ ပြည်သူကို ရှေ့ရှုပြီး တော်လှန်ရေးကို မျင်နှာမူကာ သဘောထားမတိုက်ဆိုင်တာတွေကို ကျော်လွှားဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပိုစုစည်းဖို့ လိုလာတဲ့အချိန်မှာ အင်အားစုတွေအသီးသီးကလဲ
1027 Operations မြန်မာသတင်း

မိုးကုတ်မြိုတွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦးသေဆုံးပြီး ‌(၁၉) ဦး ထိခိုက်ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ ၁၁ ရက်TNLA သိမ်းထားတဲ့ ရှမ်းပြည်နယ် မိုးကုတ်မြိုမှာ မနေ့က ဖေဖော်ဝါရီလ (၁၀)ရက်နေ့ည သန်းခေါင်ယံအချိန် စစ်ကောင်စီက လေ‌ကြောင်းကနေ ဗုံးအလုံး (၂၀) လောက် ကြဲချတိုက်ခိုက်ခဲ့တဲ့ ဒေသခံ (၅)ဦးသေဆုံးပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့
မြန်မာသတင်း

MOD အောက်ကနေနှုတ်ထွက်သွားတဲ့ ဂဋ္ဌုန်စစ်ကြောင်း MLA နဲ့ပူးပေါင်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ MOD အောက်ကနေ နှုတ်ထွက်သွားတဲ့ ဂဋ္ဌုန်စစ်ကြောင်းဟာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)နဲ့ အလုံးစုံ ပူးပေါင်းလိုက်ပြီဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU တပ်မဟာ (၆)နယ်မြေထဲ စစ်ရေးဖော်ဆောင်တာတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂဋ္ဌုန်စစ်ကြောင်းဟာ MLA ရဲ့