နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

စောချစ်သူတို့ နယ်ခြားစောင့်တပ်ရဲ့ ကတိကဝတ်တွေကို သတိထားပါ။

ဖေဖော်ဝါရီလ (၁၈) ရက်။

မြဝတီမြို့ရှိ တရုတ်ကျားဖြန့်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို တားဆီးဖို့ ထိုင်းနယ်စပ်ရှိ နေရာအများအပြားမှာ လျှပ်စစ်မီးနဲ့ အင်တာနက် သုံးစွဲခွင့် ဖြတ်တောက်ပြီးနောက် မြန်မာစစ်အစိုးရနဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ် (BGF) တို့က နောက်ဆုံးမှာ အရေးယူဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။

အဲ့ဒီ ဆောင်ရွက်မှုဟာ ထိုင်းအစိုးရကို ပေးထားတဲ့ BGF ကတိကဝတ်တွေနဲ့ လိုက်လျောညီထွေ ရှိပုံရပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေဟာ ရိုးသားမှုရှိမရှိဆိုတာကတော့ သံသယဖြစ်စရာတွေ ရှိနေပါတယ်။ BFG ဟာ ဒီကျားဖြန့်ဂိုဏ်းအဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းဖို့ အမှန်တကယ် ဆုံးဖြတ်ထားတာလား ဒါမှမဟုတ် ထိုင်းနိုင်ငံရဲ့ ဖိအားတွေကို ယာယီဖြေလျှော့ဖို့ ရည်ရွယ်တဲ့ နည်းဗျူဟာမြောက် လေ့ကျင့်မှုတစ်ခုလား ဆိုတာကို စမ်းစစ်ရန် လိုပါတယ်။

ပထမလုပ်ဆောင်ချက်မှာ အဲ့ဒီကွန်ရက်တွေနဲ့ ပတ်သက်တယ်လို့ သံသယရှိသူတွေကို မကြာသေးမီက ဖမ်းဆီးခဲ့ပြီး နောက်ဆက်တွဲဥပဒေကြောင်းအရ အရေးယူဖို့ နေရပ်ပြန်ပို့တာအတွက် ထိုင်းနိုင်ငံကို လွှဲပြောင်းပေးခဲ့တာဟာ BGF ရဲ့ ထိုင်းအစိုးရနဲ့ လက်တွဲလုပ်ဆောင်ဖို့ စိတ်အားထက်သန်မှုကို ထင်ဟပ်ပြသခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလူတွေအများစုဟာ အဆင့်နိမ့်အလုပ်သမားတွေ ဖြစ်ကြပြီး သူတို့ရဲ့ အလုပ်ရှင်တွေကိုတော့ အာဏာပိုင်တွေက လက်လှမ်းမမီဘဲ ဝေးကွာနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားဟာ အဲ့ဒီလိမ်လည်မှုအဖွဲ့တွေ အပါအဝင် ရာဇ၀တ်ဂိုဏ်းတွေကနေ ငွေကြေးထောက်ပံ့မှုကို ရနေတယ်လို့ ယူဆရပါတယ်။ အဆိုပါ ရာဇ၀တ်ဂိုဏ်းတွေရဲ့ နောက်ကွယ်ကနေ ချုပ်ကိုင်သူတွေကို ဖမ်းဆီးတရားစွဲဆိုခြင်း မပြုပါက ဒီဖြိုခွင်းမှုဟာ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေဟာ ပြန်လည်စုဖွဲ့ကြပြီး နောက်ဆုံးမှာ သူတို့ရဲ့လှုပ်ရှားမှုတွေကို ပြန်လည်စတင်မှာဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ လိမ်လည်ဂိုဏ်းတွေရဲ့ သားကောင်တွေနဲ့ ဝန်ထမ်းတွေကို ပြည်နှင်ဒဏ်ပေးခဲ့ပပေမယ့် အဲ့ဒီ ရာဇ၀တ်လုပ်ငန်းတွေရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ဂိုဏ်းခေါင်းဆောင်တွေကို BGF နဲ့ တိုးတက်တဲ့ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA) လိုမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အကာအကွယ်အောက်မှာ ရှိနေတာကြောင့် ထိခိုက်မှု မရှိပါဘူး။

လက်ရှိဖြိုခွင်းမှုဟာ ဒီရာဇ၀တ်ဂိုဏ်းတွေရဲ့ နောက်ကွယ်က ကြီးမားတဲ့ဂိုဏ်းတွေအစား အဆင့်နိမ့်ဝန်ထမ်းတွေကိုသာ ပစ်မှတ်ထားတာကြောင့် အဲ့ဒီအဖွဲ့တွေပေါ်မှာ သိသိသာသာ သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ ‌ပြောင်းလဲဖို့အတွက် အာရုံစူးစိုက်မှု မထားရင် ထိုင်းနိုင်ငံက စွမ်းအင်နဲ့ အင်တာနက်တွေ ထောက်ပံ့မှုတွေ ပြန်လည်ရရှိတာနဲ့ အဲ့ဒီအဖွဲ့တွေ ပြန်လည်ကြီးထွားလာမှာ သေချာပါတယ်။

ဒါ့ကြောင့် ထိုင်းနိုင်ငံအနေနဲ့ နိုးနိုးကြားကြားနဲ့ မြန်မာရဲ့တုံ့ပြန်မှုကို အနီးကပ်စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။ BGF ရဲ့ လတ်တလော လုပ်ဆောင်ချက်တွေဟာ ပြဿနာကို ဖြေရှင်းဖို့ ကတိကဝတ်တွေကို ထင်ဟပ်လုပ်ဆောင်နေတယ်လို့ ထင်မြင်ပါက ထိုင်းအစိုးရကို နုံအတယ်လို့ အထင်ခံရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် BGF က ဖမ်းဆီးထားသူတွေကို ထိုင်းအစိုးရအနေနဲ့ သေချာစွာ စစ်ဆေးပြီး ထိုင်းနိုင်ငံကို ပို့ဆောင်ရမှာ ဖြစ်ပါတယ်။ အချို့ဟာ လိမ်လည်ဂိုဏ်းတွေအတွက် အလုပ်လုပ်ဖို့ လှည့်စားခံရတာဟာ အမှန်ဖြစ်ပေမဲ့ တချို့ကတော့ ပိုမိုကောင်းမွန်တဲ့ အခကြေးငွေကြောင့် တရားမဝင်ဘူးလို့ သိပေမယ့် အလုပ်အကိုင် ရှာဖွေဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာန အကြီးအကဲ ရဲတပ်ဖွဲ့မှူး သက်ချိုင်း ပီတနီးလာဘွတ် (Pol Gen Thatchai Pitaneelaboot) ရဲ့ အဆိုအရ အဲဒီ လိမ်လည်မှုစင်တာတွေမှာ နိုင်ငံခြားသား အလုပ်သမား ၁% ကသာ အမှန်တကယ်လှည့်စားတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အများစုမှာ မြန်မာနိုင်ငံကို အလုပ်သွားလုပ်ဖို့ ရွေးချယ်ခဲ့ကြပြီး အချို့မှာ တရားစွဲဆိုခံနေရတာကို ရှောင်ရှားဖို့နဲ့ အချို့မှာ ငွေကြေးမပြေလည်မှုတွေကနေ လွတ်မြောက်ဖို့ ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီကျားဖြန့်ရာဇဝတ်ဂိုဏ်းအဖွဲ့တွေဟာ ထိုင်းနိုင်ငံသား အများအပြားကို လိမ်လည်လှည့်ဖြားခဲ့တဲ့အတွက် အချို့သူတွေမှာ သူတို့ တသက်တာဘဝအတွက် စုဆောင်းငွေတွေအားလုံး ဆုံးရှုံးခဲ့ရတာကြောင့် ဒီလိမ်လည်မှု ကွန်ရက်တွေမှာ ဖိအားပေးချိန်းခြောက်မှုတွေ မရှိဘဲ ပါဝင်ခဲ့သူတွေကို သားကောင်တွေလို့ သတ်မှတ်ကာ ကင်းလွတ်ခွင့် မပြုဘဲ တရားမျှတမှုအတွက်အ‌ရေးယူဆောင်ရွက်သင့်ပါတယ်။

ထိုင်းအစိုးရနဲ့ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာဟာ ထိုင်းနယ်စပ်တစ်လျှောက် လည်ပတ်နေတဲ့ လိမ်လည်ဂိုဏ်းတွေကို ချေမှုန်းဖို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရကို အပေါ်ယံ လုပ်ဆောင်ပြမှုနဲ့ လှည့်စားတာမျိုး မဖြစ်စေရပါ။

တကယ်လို့ အဲ့ဒီအဖွဲ့တွေနဲ့ မြန်မာအာဏာပိုင်တွေဟာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်လုပ်ငန်းတွေရဲ့ နောက်ကွယ်ကနေ ချုပ်ကိုင်သူတွေကို နှိမ်နင်းဖို့ ပျက်ကွက်ပါက တရားမျှတမှု ရရှိစေဖို့ သူတို့ကို ဖိအားပေးဖို့ ထိုင်းနိုင်ငံက တွန့်ဆုတ်နေရမှာ မဟုတ်ပါဘူး။

See insights and ads

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 5 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 4 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 25 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 27 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ