နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

ဖေဖော်ဝါရီလ (၁၉)ရက်။

နိုင်ငံလုံခြုံရေးအတွက်ဆိုပြီး ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေတရပ်ကို စစ်ကောင်စီက မနေ့ကရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီဥပဒေကို နိုင်ငံလုံခြုံဖို့၊ တရားဥပဒေစိုးမိုးဖို့နဲ့ အများပြည်သူ အေးချမ်းသာယာဖို့အပါအဝင် လုံခြုံရေးဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြဋ္ဌာန်းတာလို့ ဆိုပါတယ်။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုနဲ့ သက်ဆိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ တိုးတက်ဖွံ့ဖြိုးစေပြီး နိုင်ငံတကာအဆင့်မီ ပုဂ္ရလိကလုံခြုံရေး ဝန်ဆောင်မှု ဖြစ်ထွန်းစေဖို့အပြင် နိုင်ငံတကာအဆင့်မီ ပေါ်ပေါက်စေဖို့လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကို လွဲမှားစွာ အသုံးပြုတာမရှိစေဖို့ ကြီးကြပ်နိုင်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့တွေ၊ ‌ဒေသဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းနိုင်ဖို့လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီး ဦးဆောင်ကာ (၁၆)ဦးပါဝင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွက်ကဲရေးဗဟိုကော်မတီကို ဖွဲ့စည်းဖို့နဲ့ လိုအပ်ရင် အဲ့ဒီကော်မတီကို ပြင်ဆင်ဖွဲ့စည်းနိုင်တယ်လို့လဲ ပြောဆိုထားပါသေးတယ်။

လိုင်စင်ရှိသူက ပုဂ္ဂလိကလုံခြုံရေးသင်တန်း ဖွင့်ခွင့်ပြုဖို့ တင်ပြပါက ကော်မတီအနေနဲ့ သတ်မှတ်ချက်တွေနဲ့ စိစစ်ခွင့်ပြုတာ ဒါမှမဟုတ် ငြင်းပယ်တာအပါအဝင် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် လျှောက်ထားပါက ကာ/လုံကို တင်ပြဖို့ ညွှန်ကြားထားပါတယ်။

စစ်ကောင်စီက ပြဋ္ဌာန်းတဲ့ဥပဒေထဲ ပုဂ္ဂလိကဝန်ဆောင်မှူလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ လုပ်ငန်းအာမခံအဖြစ် မြန်မာ့စီးပွားရေးဘဏ်မှာ အနည်းဆုံး ငွေကျပ်သိန်း (၁၀၀၀) အပ်နှံထားရမယ်လို့ ထည့်သွင်းထားပါတယ်။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်လျှောက်ထားဖို့နဲ့ တားမြစ်ချက်တွေကို ဖောက်ဖျက်ပါက အနည်းဆုံး (၁)နှစ်ကနေ အများဆုံး (၃)နှစ်အထိ ထောင်ဒဏ်အပြင် အနည်းဆုံး သိန်း(၁၀၀)ကနေ အများဆုံး သိန်း(၁၀၀၀)အထိ ငွေဒဏ်ချမှတ်မယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိကဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ဥပဒေနဲ့ဆန့်ကျင်တဲ့ လုပ်ငန်းလုပ်ကိုင်တာနဲ့ ပူးပေါင်းဆောင်ရွက်ရင် အရေးယူခံရမှာဖြစ်ပြီး အခုဥပဒေပြဋ္ဌာန်းတဲ့နေ့ကစပြီး (၆)လထဲ လိုင်စင်လျှောက်ထားဖို့ ‌ပြောဆိုထားတယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance) အဖြစ် တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းအပေါ်သဘောထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 21 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် ဒီဇင်ဘာလ ၁၅ရက်နေ့ကြေငြာချက်ဖြင့် ‌ပြည်သူအများက မျှော်လင့်နေကြသော တော်လှန်ရေး အဖွဲ့အစည်း (၁၉)
မြန်မာသတင်း

တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ NUG ကို ကိုရီယားရောက်မြန်မာတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 37 Views
ဒီဇင်ဘာလ (၁၅)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ဘူဖျောင်းခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုရီးယားရောက်မြန်မာတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့
မြန်မာသတင်း

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အကြီးအကျယ် တိုးချဲ့မှုအဖြစ် အစ္စရေးလ်က အခြေချနေထိုင်မှု စခန်းငယ် ၁၉ ခုကို အတည်ပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 27 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဂျေရုဆလင် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် အစ္စရေးလ် အခြေချနေထိုင်မှုများကို အကြီးအကျယ် ထပ်မံတိုးချဲ့သည့်အနေဖြင့်၊ အစ္စရေးလ်အစိုးရ အဖွဲ့သည် ကြာသပတေးနေ့တွင် အခြေချနေထိုင်သည့် စခန်းငယ်
မြန်မာသတင်း

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦးမိုးဇော်ဦးကို NUG ပြန်လည်ခန့်အပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၅)ရက်။ NUG က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦး‌မိုးဇော်ဦးကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို ခန့်အပ်တာဝန်ပေးတာဟာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမိုးဇော်ဦးဟာ NUG
မြန်မာသတင်း

အပြင်းထန်ဆုံး စစ်ရာဇဝတ်မှုအနေနဲ့ မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့တဲ့ စစ်ခေါင်းဆောင်က ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီးပြောပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၅)ရက်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာထဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ မတည်ရန်ပုံငွေကနေ ထောက်ပံ့ငွေကျပ်
မြန်မာသတင်း

အွန်လိုင်းလိမ်လည်မှုကို လူအများစုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဆိုပြီး စစ်ကော်မရှင် သတ်မှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 26 Views
ဒီဇင်ဘာလ (၁၅)ရက်။ အွန်လိုင်းလိမ်လည်မှုကို လူအများစုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုပြီး သတ်မှတ်ထားတယ်လို့ စစ်ကော်မရှင်ရဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ရန်ကုန်ရှိ MRTV မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီအွန်လိုင်းလိမ်လည်မှုက နိုင်ငံလုံခြုံရေးကို
မြန်မာသတင်း

”မြောက်ဦးမှာဗုံးတွေကြဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 34 Views
NUG ကဘုံးနေဆဲ ငြိမ်းချမ်းရေးကဘယ်မှာလဲ?” ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်းဟာအခုဆိုရင် (၂၅)ခုမြောက်ရှိလာပါပြီ၊ ဒီအပတ်မှာတော့ စစ်အုပ်စုရဲ့လူမဆန်တဲ့ မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးပြောကြားမှာဖြစ်သလို NUG ရဲ့ အစိုးရပြုပြင် ပြောင်းလဲရေး ဟန်ပြလုပ်ရပ်မှာ စာရင်းစစ်ချုပ် ယခုထက်ထိ မခန့်အပ်နိုင်သေးတာဟာ ဆက်ပြီးတော်လှန်ရေးရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်နိုင်ဖို့လားဆိုသလိုဖြစ်နေပြီး စစ်အနိုင်
မြန်မာသတင်း

မြောက်ဦးဆေးရုံကို စစ်စခန်းအနေနဲ့ အသုံးပြုတာကြောင့် တိုက်ခိုက်တာဆိုပြီး စစ်တပ် လိမ်လည်သတင်းထုတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 44 Views
ဒီဇင်ဘာလ (၁၃)ရက်။ မြောက်ဦးပြည်သူ့ဆေးရုံကို AA နဲ့ PDF တွေက စစ်စခန်းအနေနဲ့ အသုံးပြုနေတာကြောင့် တိုက်ခိုက်ခဲ့တာဆိုပြီး စစ်တပ်က ဒီကနေ့ထုတ်သတင်းစာကနေ လိမ်လည်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ မြောက်ဦးဒေသကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ခဲ့တာကြောင့် အဲ့ဒီဆေးရုံဟာ