နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ကူမင်းဆွေးနွေးပွဲမှာ TNLA က နယ်မြေတောင်းဆိုတာတွေရှိခဲ့တယ်လို့ သတင်းထွက်နေ

ဖေဖော်ဝါရီလ (၁၉)ရက်။

တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တွေ့ဆုံချိန် TNLA ဘက်က နယ်မြေတောင်းဆိုတာတွေ ရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။

“ ကူမင်းဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သတင်းထွက်နေတာက TNLA က သူသိမ်းထားတဲ့ မြို့တွေကို ပလောင်ပြည်နယ်အနေနဲ့ အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။ ကျန်တဲ့ ဆွေးနွေးပွဲအကြောင်းအရာတော့ မသိရသေးဘူး၊ မတင်မကျနဲ့ ပြီးသွားတယ်လို့လဲ ကြားရတယ်” လို့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့ဟာ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ကစပြီး တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲထဲ သိမ်းယူခဲ့တဲ့ မြို့နယ်(၁၄)မြို့ကို ပလောင်ပြည်နယ်အနေနဲ့ အသိအမှတ်ပြုဖို့ TNLA က တောင်းဆိုခဲ့တာလို့ သိရပါတယ်။

အခုလို TNLA ဘက်က နယ်မြေတောင်းဆိုခဲ့တာအပါအဝင် နှစ်ဖက် ဆွေးနွေးပွဲအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်အကြောင်းအရာတွေကိုတော့ သက်ဆိုင်ရာအဖွဲ့တွေဘက်က ထုတ်ပြန်လာတာမရှိသေးဘူးလို့ သိရပါတယ်။ 

ကူမင်းမြို့မှာ ဆွေးနွေးပွဲလုပ်နေချိန်ကာလမှာလဲ စစ်ကောင်စီဟာ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့အချို့ကို လေကြောင်း ဗုံးကြဲတာတွေရှိခဲ့ပြီး အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဟာ တဖက်မှာ ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ပြီး ဆွေးနွေးနေပေမယ့် တဖက်မှာတော့ လေကြောင်းဗုံးကြဲကာ ဖိအားပေးနေသလို TNLA ကလဲ သိမ်းယူထားတဲ့ နယ်မြေတွေကနေ ပြန်ဆုတ်ပေးဖို့ အလားအလာမရှိဘူးလို့ သုံးသပ်ပြောဆိုထားကြပါတယ်။

ကူမင်းဆွေးနွေးပွဲစတဲ့နေ့မှာပဲ စစ်ကောင်စီဟာ အပေါ်စီးကနေ ဆွေးနွေးမယ့်သဘောရှိပြီး ထိုးစစ်တွေ ပိုတိုးလာပြီး လေကြောင်းဗုံးကြဲတာတွေ များ‌လာတာကြောင့် အရင်းအနှီးက နေ့တိုင်းကြီးနေတယ်လို့ TNLA ရဲ့ ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီမယ်ဆိုပြီး BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 35 Views
စက်တင်ဘာလ (၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီသွားမယ်ဆိုပြီး နယ်ခြားစောင့်တပ်(BGF)က စက်တင်ဘာလ (၃)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ BGF ရဲ့
မြန်မာသတင်း

(၈)လတာထဲ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 44 Views
စက်တင်ဘာလ (၅)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၁၈)ကြိမ်အထိ ရှိခဲ့တယ်လို့ NUG ရဲ့
မြန်မာသတင်း

“ ဝ” ဒေသထဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေရှိရင် တိုင်ကြားနိုင်တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 61 Views
စက်တင်ဘာလ (၅)ရက်။ UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်နဲ့ ပန်လုံမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေရှိရင် တိုင်ကြားနိုင်တယ်ဆိုပြီး အသိပေးပြောဆိုတာတွေရှိတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ “ ဝ” ပြည်နယ်
မြန်မာသတင်း

ကျောက်ကြီး-မုန်းကားလမ်းပိုင်းကို ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 56 Views
စစ်တပ်ဘက်က ဒုရင်းမှူးနဲ့ တပ်ခွဲမှူးအပါ (၆)ဦးသေဆုံးပြီး (၁၆)ဦးဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန် စက်တင်ဘာလ (၅)ရက်။ စက်တင်ဘာလ (၂)ရက်နေ့က ကျောက်ကြီး-မုန်း ကားလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးပိုင်းဆိုင်ရာအခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ သားဖြစ်သူပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 46 Views
စက်တင်ဘာလ (၅)ရက်။ စစ်တပ်ရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် အရေးပေါ်စိုးရိမ်ချက်ဆိုကာ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့မှာ ပြောဆိုလာခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော့မိခင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၀)ရှိပြီဖြစ်ပြီး နှလုံးပိုင်းဆိုင်ရာ အခြေအနေတွေ
မြန်မာသတင်း

ကျောက်မဲမြို့ရှိ ကျေးရွာ(၂)ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ၊ 

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 71 Views
ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး စေတီပုထိုးနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ စက်တင်ဘာလ (၄)ရက်။ ဒီကနေ့ တရက်ထဲ ကျောက်မဲမြို့ရှိ ပန်သပြေရွာနဲ့ ပန်ကွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ
မြန်မာသတင်း

စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိသူတဦး သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 75 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိတဲ့ မြတ်ကိုကိုဆိုသူဟာ သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ သူက ဟုမ္မလင်း ချင်းတွင်းမြစ်ကူးတံတားထိပ် ကတ်သာရွာဘက်ခြမ်းမှာ လုံခြုံရေးကျနေတဲ့အချိန် သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ပြီး
မြန်မာသတင်း

မတ္တရာရှိ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 75 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်မှာ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီလောက် စစ်တပ်က မတ္တရာရှိ ဆည်တော်ကြီး