နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်ကောင်စီရိက္ခာတင်ကား တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ‌(၉)ဦးသေဆုံးကာ စစ်ကားတစ်စီး မီးလောင်ပျက်စီးခဲ့

ပေါက်ခေါင်းမြို့မှာ စစ်ကောင်စီရိက္ခာတင်ကား တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ‌(၉)ဦးသေဆုံးကာ စစ်ကားတစ်စီး မီးလောင်ပျက်စီးခဲ့

ဖေဖော်ဝါရီလ (၁၉)ရက်။

မနေ့က ညနေ(၅)နာရီ (၄၀)မိနစ်အချိန် ပေါက်ခေါင်းမြို့ရှိ စစ်ကောင်စီဂိတ်တွေကို စားနပ်ရိက္ခာနဲ့ ခဲယမ်းတွေ ပို့ဆောင်နေတဲ့ စစ်ကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ PPDF(၃၆၀၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ပေါက်ခေါင်းမြို့က စခဂိတ်တွေကို စားနပ်ရိက္ခာနဲ့ ခဲယမ်းတွေ ပို့ဆောင်နေတဲ့ စခဖောကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စခ(၉)ဦး နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။ တိုက်ပွဲလဲ ပြင်းထန်ခဲ့ပါတယ်။ ဖောကားတစ်စီး မီးလောင်ပြီး ခဲယမ်းတွေ ပေါက်ကွဲလို့ အနားမကပ်ရဲဘဲ လက်နက်တွေ မရခဲ့ဘူး” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရိက္ခာနဲ့ခဲယမ်းတွေ ပို့ဆောင်တဲ့ စစ်ကား (၂)စီးကို ပေါက်ခေါင်းမြို့၊ ပြည်-ပေါင်းတလည်ကြားရှိ တောင်ဇင်းဝကွေ့အနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၉)ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ဖောကားပေါ် တင်ဆောင်လာတဲ့ ဆီပေပါတွေ မီးလောင်ခဲ့ကာ လက်ပစ်ဗုံး၊ ကျည်နဲ့ အခြား(၄၀)မမတွေ ပေါက်ကွဲတာကြောင့် အနားကပ်မရဘဲ လက်နက်တွေကို မသိမ်းဆည်းနိုင်ခဲ့ဘူးလို့ ပြောဆိုထားပါတယ်။

တိုက်ပွဲထဲ မီးမလောင်သေးတဲ့ လက်ပစ်ဗုံးနဲ့ ကျည်အချို့ကိုသာ သိမ်းဆည်းနိုင်ခဲ့ပြီး အဲ့ဒီစစ်ဆင်ရေးကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PPDF (၃၆၀၁)တပ်ရင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ရေးအရှိန်မြှင့်တင်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စားနပ်ရိက္ခာပစ္စည်းတွေအတွက် ဆိုင်ကယ်နဲ့ ကားတို့ကို ငှားရမ်းတာ၊ ကုန်ပစ္စည်းတင်ဆောင်လိုက်ပို့တာတွေ မလုပ်ဖို့ အသိပေးထားပါတယ်။

အခုလို အသိပေးထားတာကို လုပ်ဆောင်ပြီး တစုံတရာဖြစ်ပေါ်လာပါက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ယူ ‌ဖြေရှင်းသွားမှာမဟုတ်ဘူးဆိုပြီးလဲ ကြိုတင်အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 7 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 6 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 27 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ