နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း အရှေ့တောင်အာရှ

တာ့ခ်ခရိုင် အကောက်ခွန်ရုံး မီးလောင်မှုတွင် သိမ်းဆည်းထားသော ယာဉ်အစီးရေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

မတ်လ (၁၉) ရက်။

မီးလောင်မှုအား နှစ်နာရီကျော်အကြာတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း ယာဉ်သုံးပုံတစ်ပုံခန့် လုံးဝပျက်စီးသွားခဲ့သည်။

တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဲဆောက်မြို့ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားရှိ အကောက်ခွန် စစ်ဆေးရေးဂိတ် အနောက်ဘက်ရှိ ခြံဝင်းတွင် ယမန်နေ့ညက မီးလောင်မှု ဖြစ်ပွားရာ ယာဉ်အစီးရေ ၃၀၀ ကျော် ပျက်စီးခဲ့သည်။

ည (၇း၃၀) အချိန်ခန့်တွင် မီးလောင်ကျွမ်းနေကြောင်း အကြောင်းကြားခဲ့ရာ မဲဆောက်မြို့မရဲစခန်းမှ တာဝန်ရှိသူများက အလျှင်အမြန် သွားရောက်စစ်ဆေးခဲ့သည်။ ထိုအချိန်တွင် သတ္တုကာရံထားသော လေဟာပြင်ခြံဝင်းအတွင်းတွင် မီးသည် ပြန့်နှံလာခဲ့ပြီး ရပ်ထားသည့်ယာဉ်များကို ဆက်တိုက်လောင်ကျွမ်းခဲ့ပြီး ဓါတ်ဆီတိုင်ကီများ ဆက်တိုက်ပေါက်ကွဲခဲ့ပြီး မီးလောင်မှု ပိုမိုကြီးထွားလာခဲ့သည်။

မီးငြှိမ်းသတ်ရန် မဲဆောက်နှင့် အနီးနားခရိုင်များမှ မီးသတ်ကား အများအပြား လာရောက် ငြှိမ်းသတ်ခဲ့သည်။ မီးသတ်သမားများသည် မီးလောင်မှုအား နှစ်နာရီကျော်အကြာတွင် ထိန်းချုပ်နိုင်ခဲ့ပြီး ခြံဝင်းအတွင်း ရပ်ထားသည့် ကားအစီးရေ ၁၀၀၀ ခန့်မှ ကားအစီးရေ ၃၀၀ ကျော် ပျက်စီးခဲ့သည်။

အဆိုပါ တစ်ပတ်ရစ် မော်တော်ယာဉ်အားလုံးသည် ဂျပန်နိုင်ငံမှ တင်သွင်းပြီး မြန်မာနိုင်ငံသို့ တင်ပို့ရန် လျာထားခြင်းဖြစ်သည်ဟု အကောက်ခွန်အရာရှိတစ်ဦးက ပြောသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် တံတားများ ပျက်စီးကာ လမ်းအများအပြား ပိတ်ထားရသည့် အတွက် ပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရသည်။

အဆိုပါယာဉ်များကို အကောက်ခွန်ဦးစီးဌာနက သတ်မှတ်ထားသည့် ကာလထက်ကျော်လွန်၍ နယ်စပ်တွင် ရပ်နားထားသောကြောင့် သိမ်းဆည်းခဲ့ပြီး နှစ်အတော်ကြာ ကျန်ရစ်ခဲ့သည့် အထောက်အထားအဖြစ် သိမ်းဆည်းခံမြေကွက်သို့ ပြောင်းရွှေ့ထားကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါဌာနသည် အစောပိုင်းတွင် လေလံပွဲတစ်ခု ပြုလုပ်ခဲ့သော်လည်း ဈေးမြင့်ထားခြင်းကြောင့် စိတ်ဝင်စားမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ မဝေးတော့သော အနာဂတ်တွင် နောက်ထပ်စျေးနှုန်းများလျော့ချကာ လေလံတင်ရန်စီစဉ်ထားသည်။

မီးလောင်ရသည့်အကြောင်းရင်းကို သိရှိနိုင်ရန် မှုခင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ စုံစမ်းစစ်ဆေးလျက်ရှိသည်။

The Nation သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ထိပ်တန်းလုံခြုံရေးအကြီးအကဲ သေဆုံးပြီးနောက် အီရန်က လက်စားချေမည်ဟု ကြုံးဝါး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက် ထိုအတောအတွင်း အီရန်၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးအလယ်ပိုင်းတွင်
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 23 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၀)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကို ဒေသထဲတနေရာမှာ ပြုလုပ်ခဲ့တယ်လို ဒီကနေ့မှာ
မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 34 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပခုက္ကူအနောက်ခြမ်း ကန်တော်ရွာကနေ ညောင်ဂျစ်ပင်ပျူစောထီးရွာကို အင်အား (၇၀)ကျော်နဲ့ ထွက်လာတဲ့
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 30 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်းကစပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လောက်ကိုင်ကို ရောက်နေကြပြီ။ အပစ်ရပ်တာကတော့
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 28 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအချက်တွေထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ဖန်တီးမယ့် တရားမဝင်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဘယ်လို
မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 214 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ “ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 25 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်သဘာပတိအနေနဲ့ နန္ဒကျော်စွာက တာဝန်ယူပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကို ရွေးချယ်ခန့်အပ်ကြပါတယ်။ အဲ့ဒီလို ရွေးချယ်တာမှာ
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 38 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ