နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း အာရှ

တမူးမှာ ခရိုင်ပကဖအဖွဲ့ဝင်တွေ ကျဆုံးခဲ့တဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG ပြော

မေလ (၁၉)ရက်။

မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင်ပကဖအဖွဲ့ဝင် (၁၀)ဦး ကျဆုံးခဲ့ရတဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။

“ တမူးမြို့အနီး ပကဖအဖွဲ့ဝင် (၁၀)ဦး ကျဆုံးခဲ့ရတဲ့ကိစ္စနဲ့ပက်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေအနေနဲ့ လက်ခံရရှိတဲ့ သတင်းပေးပို့ တိုင်ကြားချက်တွေအပြင် ကနဦး မြေပြင်အခြေအနေ ကြားနာ စစ်ဆေးမှု အစီရင်ခံစာ တွေ့ ရှိချက်တွေအရ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အမှုမှန်ပေါ်ပေါက်စေဖို့ ဆက်လက် ညှိနှိုင်းဆောင်ရွက်နေပါတယ်” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။

မေလ (၁၃)ရက်နေ့က တမူးမြို့အနီး ခရိုင်ပကဖအဖွဲ့ဝင် (၁၀)ဦးကို အိန္ဒိယအာဏာပိုင်တွေက အင်အားသုံးကာ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး (၃)ရက်အကြာမှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပြန်ပေးခဲ့တာလို့ သိရပါတယ်။

သေဆုံးခဲ့ရတဲ့ ပကဖအဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းမှာ သေနတ်ဒဏ်ရာတွေအပါအဝင် မျက်နှာနဲ့ ခန္ဓာကိုယ်တို့မှာ ရိုက်နှက်ညှင်းပန်းထားတဲ့ ဒဏ်ရာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသထဲသတင်းတွေက ဖော်ပြထားပါတယ်။

ဒီလို ပကဖအဖွဲ့ဝင် (၁၀)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာဟာ နယ်စပ်ခြံစည်းရိုးခတ်တဲ့ ကိစ္စအပါအဝင် စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ပါဝင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားကြပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အိန္ဒိယသတင်းဌာနအချို့က အာသံရိုင်ဖယ်တပ်ဖွဲ့ဦးဆောင်ကာ စစ်ဆင်ရေးပြုလုပ်ချိန် လက်နက်ကိုင်အဖွဲ့တဖွဲ့နဲ့ ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး (၁၀)ဦးသေဆုံးကာ လက်နက် (၇)လက် သိမ်းဆည်းရမိခဲ့တယ်လို ရေးသားထားကြပါတယ်။

မြန်မာနိုင်ငံပိုင်နက်ထဲ ဝင်ရောက်ပြီး တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်တာဟာ အင်အားကြီးနိုင်ငံတနိုင်ငံရဲ့ ကျူးကျော်တာဖြစ်ပြီး တရားမျှတမှုရှိပြီး အမှုမှန်ပေါ်ပေါက်ဖို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကားတွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 37 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

ဘန်ကောက်အကျဉ်းထောင်တွင် အလွန့်အလွန်အရေးကြီးသောပုဂ္ဂိုလ်များ(“VVIPs”) အဖြစ် ဇိမ်ကျနေသည့် “မီးခိုးရောင်တရုတ်” ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ ဖော်ထုတ်ခံရမှုက အရေးပေါ်ပြုပြင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 42 Views
The Nation- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် လျှို့ဝှက်စီးနင်းမှုတစ်ခုက ချမ်းသာကြွယ်ဝသော တရုတ်အကျဉ်းသားများက ဘန်ကောက် ထိန်းသိမ်းရေးအကျဉ်းထောင်၏ အစိတ်အပိုင်းအချို့ကို ပုဂ္ဂလိကနိဗ္ဗာန်ဘုံအဖြစ်
မြန်မာသတင်း

ခင်ဦးမြို့မှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းတခုလုံးပျက်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 37 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ခင်ဦးမြို့နယ်မှာ အင်အား (၁၈၀)ခန့်ပါတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံလှရွာထဲ (၄)ရက်လောက်
မြန်မာသတင်း

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားပြီး စစ်ဆေးနေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 39 Views
နိုဝင်ဘာလ (၂၄)ရက်။ ‌NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို စစ်ဆေး‌အရေးယူပေးဖို့ နိုဝင်ဘာလ
မြန်မာသတင်း

ကံထူးမရွာဆေးရုံ ဗုံးကြဲခံရတာကြောင့် ပြည်သူ (၆)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 36 Views
နိုဝင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၀)မိနစ်အချိန်က တန့်ဆည်မြို့ ကံထူးမရွာ ဆေးရုံးနဲ့ ကားပြင်ဆိုင်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက် (၁)နာရီ (၁၀)မိနစ်လောက်က စစ်ကစရဲ့
ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 20 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက် ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့် ဆူမိုပြိုင်ပွဲတစ်ရပ်တွင် အနိုင်ရရှိခဲ့ပြီး၊ ယှဉ်ပြိုင်မှုပြင်းထန်သော ဤအားကစားနည်း၌ သူ၏ လျင်မြန်သော တိုးတက်မှုကို ချီးမွမ်းခြင်းခံခဲ့ရသည်။
မြန်မာသတင်း

“ဝန်ကြီးချုပ်ရုံးအတွင်းဝန်က သံမဏိနှင်းဆီတဲ့လား?အမေရိကန်လွှတ်အမတ်တွေရဲ့အားပေးမှုဘယ်လောက်ထိရောက်နိုင်မလဲ?

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 55 Views
ဆိုတဲ့ ခေါင်းစဥ်နဲ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ခြင်း (၂၂) မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည (၇) နာရီခွဲမှာ ခေတ်မျက်လုံး YouTube
မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 61 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ပေါက်မြိုနဲ့ မြိုင်မြိုနယ်အစပ် စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျခဲ့တယ်လို အညာမြေ အရပ်ဖက်လူမှုအဖွဲအစည်း-မြိုင်ရဲ့ ထုတ်ပြန်ထားချက်အရ