နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာ-ထိုင်းနယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံကို KNU ထိန်းချုပ်ထား

ဇူလိုင်လ (၁၈)ရက်။

မြန်မာ-ထိုင်းနယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံကို KNU က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KNU ရဲ့ ထိန်းချုပ်နိုင်မှုဟာ နယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံခန့် ကျယ်ပြန့်လာတယ်လို့ ဆိုပါတယ်။

ဥကရစ်ထစခန်းဟာ နယ်စပ်စည်းလုံခြုံရေးအတွက် ဗျူဟာမြောက်အရေးပါသလို ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေကာ နယ်စပ်နယ်နိမိတ်အရှည်ဟာ (၂၄၁၆)ကီလိုမီတာရှိပြီး အခုအခါ KNU က ကီလိုမီတာ (၈၀၀)နီးပါးကို ထိန်းချုပ်လိုက်တာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် KNU ရဲ့ စစ်ဆင်ရေးအများစုဟာ ပြည်မဘက်ကို တိုးချဲ့ထိန်းချုပ်နိုင်ဖို့ထက် မြန်မာ-ထိုင်းနယ်စပ်မျဉ်းဘက် ဆန့်ထုတ်ထိန်းချုပ်နိုင်ဖို့ကိုပဲ အလေးပေးဦးတည်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအတွက် နယ်စပ်မျဥ်းနဲ့ နယ်စပ်ဒေသထိန်းချုပ်မှုက နယ်မြေတည်ဆောက်နိုင်ဖို့၊ အရင်းအမြစ်စုစည်းတည်ဆောက်နိုင်ဖို့၊ ဒေသတွင်း နယ်စပ်ကုန်သွယ်စီးပွားနဲ့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတွေမှာအရေးပါမှုကို မြှင့်တင်နိုင်ဖို့ဆိုတဲ့ အခန်းကဏ္ဍသုံးရပ်လုံးအတွက် အခရာကျတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် KNU အနေနဲ့ နယ်စပ်မျဥ်းတလျှောက် ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာတာဟာ ကရင့်တော်လှန်ရေးမှာ သူ့ရဲ့ နိုင်ငံရေး၊ နယ်မြေပိုင်ဆိုင်မှုနဲ့ အုပ်ချုပ်ရေးအာဏာကို ချဲ့ထွင်လာနိုင်တာဖြစ်တယ်လို့ ISP-MYANMAR က ထုတ်ပြန်ထားပါတယ်။

ဥကရစ်ထစခန်းနယ်မြေဟာ (DKBA) စစ်ဌာနချုပ်နယ်မြေနဲ့ တဆက်ထဲ ရှိနေတာကြောင့် အခုအခါ DKBA ရဲ့ နယ်မြေကျဉ်းသွားပြီဖြစ်သလို KNU အတွက် ရိက္ခာကအစ လက်နက်ခဲယမ်းအဆုံး အခြေခံကျတဲ့ ကုန်စည်တွေ သွင်းယူနိုင်ဖို့ လမ်းကြောင်းတွေ ပွင့်သွားတာလဲဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 19 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 19 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့