နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အိပ်မက်ဟာ ဒီကနေ့အထိ စစ်အာဏာရှင်စနစ်အောက်မှာ နစ်မွန်းနေဆဲလို့ NUG ပြော

ဇူလိုင်လ (၁၉)ရက်။

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အဓိကမျှော်ရည်ချက်ဟာ တိုင်းရင်းသားတွေအားလုံးပါဝင်ပြီး တောင်တန်းနဲ့ မြေပြန့်မခွဲဘဲ လွတ်လပ်ရေးရရှိဖို့၊ အမျိုးသားတန်းတူရေး၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေ ပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသစ်တရပ် တည်ထောင်ဖို့ဖြစ်တယ်လို့ NUG ရဲ့ ဒီကနေ့ (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ပေးပို့တဲ့ဂါရဝပြုသဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အဲ့ဒီမွန်မြတ်တဲ့ အိပ်မက်ဟာ ဒီကနေ့အထိ အကောင်အထည်မပေါ်သေးဘဲ နိုင်ငံဟာ နှစ်ပေါင်း (၇၀)ကျော်ကာလတွေမှာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုအောက်မှာ နစ်မွန်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အာဇာနည်နေ့ရောက်တိုင်း ဂုဏ်ပြုအောက်မေ့ရုံသက်သက်နဲ့ မပြီးဆုံးဘဲ လွတ်လပ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို ပြည်သူတရပ်လုံး လက်တွဲပြီး ဝိုင်းဝန်းထူထောင်နိုင်မှ မှန်ကန်စွာ ဂုဏ်ပြုရာရောက်မှာဖြစ်ပြီး သမိုင်းပေးတာဝန်ကျေမယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး NUG ရဲ့ သဝဏ်လွှာထဲ နွေဦးတော်လှန်ရေးကာလအထိ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း အသက်၊သွေး၊ချွေးတွေ ပေးဆပ်သွားတဲ့ သူရဲကောင်းအာဇာနည်တွေကို မျိုးဆက်သစ်တွေအတွက် ထာဝရမော်ကွန်းအနေနဲ့ တည်ရှိနေမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အခုအာဇာနည်နေ့မှာ အမျိုးသားခေါင်းဆောင်ကြီးတွေနဲ့အတူ ခေတ်အဆက်ဆက် မတရားမှုကို ဆန့်ကျင်တော်လှန်ခဲ့တဲ့၊ အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့ အာဇာနည် တိုင်းရင်းသားပြည်သူအပေါင်းကို ဦးညွတ်ဂါရဝပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။

သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အစဉ်အမြဲအောက်မေ့ပြီး ရည်မှန်းချက်ပန်းတိုင်တွေ ပြည့်မြောက်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့