နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ လေကြောင်းဗုံးကြဲတာကြောင့် သံဃာတွေအပါအဝင် (၆)ဦး သေဆုံးခဲ့

ဩဂုတ်လ (၁၉)ရက်။

မနေ့က နေ့လယ် (၁)နာရီကျော်အချိန် ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာရှိ မိုးကောင်းဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ မူးကမ်းကြီးရွာက မိုးကောင်းကျောင်းတိုက်ကို မင်းအောင်လှိုင်ကျွန်တွေကနေ လေကြောင်းတိုက်ခိုက်တာ။ ပထမအကြိမ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံးကြဲသွားတာ။ နောက်တကြိမ်မှာတော့ စက်သေနတ်နဲ့ပါ ပစ်သွားတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးကောင်းကျောင်းတိုက်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် စက်လက်နဲ့ ပစ်ခတ်တာတွေပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် မိုးကောင်းကျောင်းတိုက်က သံဃာ(၂)ပါး ပျံလွန်တော်မူခဲ့ပြီး ကျောင်းဝေယျာဝစ္စလုပ်ကိုင်သူ ကပ္ပိယ (၂)ဦးအပါအဝင် (၄)ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။

“ အဲ့ဒီမှာ မိုးကောင်းကျောင်းတိုက်က ဦးဇင်း(၂)ပါး ပျံလွန်တော်မူခဲ့တယ်။ နောက်ပြီး ကျောင်းဝေယျာဝစ္စလုပ်ကိုင်တဲ့ ဦးမြင့်ထူး၊ ဦးသန်းဌေးအောင်နဲ့ အခြား အမျိုးသား (၂)ဦး သေဆုံးခဲ့တာ။ အခြားဒဏ်ရာရသူတွေလဲရှိသေးတယ်” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်ဒဏ်ရာရသူတွေလဲ အများအပြားရှိခဲ့တယ်လို့ သိရပြီး ဘုန်းကြီးကျောင်း အဆောက်အဦတွေလဲ ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒီပဲယင်းနယ်ထဲ လေကြောင်းတိုက်ခိုက်တာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ ထုတ်ပြန်ထားတာမရှိဘဲ ရွေးကောက်ပွဲကြောင့် အခုလို ပိုမိုတိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေးသတင်းတွေက ပြောဆိုထားကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲပြုလုပ်ဖို့ ပြည်ပနိုင်ငံတွေက ထောက်ခံအားပေးတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 19 ရက်
  • 21 Views
ဩဂုတ်လ (၁၉)ရက်။ ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် ပြည်ပနိုင်ငံတွေက ထောက်ခံအားပေးတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မကွေးမြို့ကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၃၂)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 19 ရက်
  • 16 Views
ဩဂုတ်လ (၁၈)ရက်။ မနေ့က ကရင်နီပြည် မော်ချီးဒေသရှိ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်က စစ်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ မဆင်မခြင်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့ မိုးကုတ်ကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ၊ ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 19 ရက်
  • 45 Views
ဩဂုတ်လ (၁၈)ရက်။ ဒီကနေ့ တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့ မိုးကုတ်မြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ နံနက် (၉)နာရီခွဲအချိန်မှာ သီပေါမြို့ရှိ အနောက်ရပ်ကွက်နဲ့
မြန်မာသတင်း

ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ (၂၈)ရက်နေ့မှာ ကျင်းပမယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 18 ရက်
  • 19 Views
ဩဂုတ်လ (၁၈)ရက်။ ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ကျင်းပသွားမယ်ဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး‌/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ၂၀၀၈ခုနှစ် အခြေခံဥပဒေအရ လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ
မြန်မာသတင်း

မိုးကုတ်မြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 48 Views
ဩဂုတ်လ (၁၇)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က မိုးကုတ်မြို့အရှေ့ပိုင်းရှိ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ်က ပေါင် (၂၅၀)ဗုံး (၃)လုံး ထပ်မံကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်က ဒီမနက်မှာ
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာမှာ KNU စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်ဆိုပြီး စစ်လော်ဘီတွေ ဝါဒဖြန့်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 37 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၁)ရက်နေ့က စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာမှာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက မနေ့က ဝါဒဖြန့်ရေးသားနေကြတယ်လို့ သိရပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်တာထဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ
မြန်မာသတင်း

ပလမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၃)ဦးသေဆုံးပြီး (၄၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုလော-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 41 Views
ဩဂုတ်လ (၁၇)ရက်။ ပုလောမြို့နယ် ပလမြို့ကို စစ်ကြောင်းထိုးဝင်လာဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလော-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၂၄)ရက်ကစပြီး ပလမြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ဖို့
မြန်မာသတင်း

ငဖဲမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 28 Views
ဆုတ်ခွာထွက်ပြေးသူတွေကို လိုက်လံချေမှုန်းနေတယ်လို့ AA ထုတ်ပြန် ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၄)ရက်နေ့က ငဖဲမြို့ စွန်တက်ကျေးရွာရဲ့ မြောက်ဘက် မီတာ(၃၀၀၀)ကျော်အကွာက AA တပ်ဖွဲ့တွေရှိရာကို စစ်‌ကောင်စီတပ်ရဲ့ တပ်မ(၉၉)လက်အောက်ခံတပ်တွေ ထိုးစစ်ဆင်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။