စက်တင်ဘာလ (၁၉)ရက်။
မနေ့က နံနက် (၈)နာရီအချိန် တနင်္သာရီမြို့ ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ တနင်္သာရီမြို့ ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း သိန်းခွန်းရွာအနီးမှာ စစ်တပ်နဲ့ KNLA အပါအဝင် တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာ၊ အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာရှိခဲ့တယ်” လို့ ဆိုပါတယ်။
တိုက်ပွဲထဲ KNLA တပ်မဟာ (၄)လက်အောက်ခံ တပ်ရင်း(၁၁)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပါဝင်ခဲ့ပြီး စစ်တပ်ဘက်က (၂)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ စစ်တပ်ဆီကနေ MA-1 (၁)လက်၊ MA-3 (၁)လက်၊ လက်ပစ်ဗုံး (၁)လုံး၊ ကျည်ဆန် (၁၀၀)နဲ့ ကျည်ဘောက် (၄)ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုရက်ပိုင်းထဲ မြိတ်ခရိုင်နဲ့ ထားဝယ်ခရိုင်တို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အင်အားအလွန်အကျွံသုံးကာ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ သိရပါတယ်။
