+++++++++++++++++++++++++++++++++++++++++++
ဒီအပတ်ခေါင်းစဥ်ကတော့
“ပျက်သွားတဲ့ NCA-
ပြန်အသက်သွင်းလို့ရနိုင်ပါ့မလား” ဖြစ်ပါတယ်။
ဒီအပတ် အောက်တိုဘာလ ၁၉ရက်နေ့ မှာ NCA ၁၀နှစ်မြောက်အခမ်းအနားကို စစ်ခေါင်းဆောင်က ဦးစီးကျင်းပနေတာနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီထောင်ထားသူတွေက တက်ရောက်အားပေး နေကြသလို လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ (၇) ဖွဲ့ထဲက (၆) ဖွဲ့က NCA ကနေ နှုတ်ထွက်ထားပြီး ဖြစ်ပေမဲ့ အဲဒီတုံးက လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်ဟောင်း တချို့ကလည်း တက်ရောက်လာခဲ့ကြပြီး သူတို့လက်မှတ်ရေးထိုးထားတဲ့ NCA စာချုပ်ဟာ မပျက်ပျယ်သေး ပါဘူးလို့ ခြေကန်ငြင်းရင်း ဂုဏ်ယူတက်ရောက်နေကြတာအပြင် TNLA ကျောက်မဲနဲ့ သီပေါကို လက်လွှတ်လိုက်ရတာနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ ယေးလွေဦးက ပြောခဲ့တဲ့အပေါ် သုံးသပ်ချက်နဲ့ ပီဒီအက်အက်တွေ ပြည်သူတွေကို ပစ်သတ်မှုတွေလည်း ဒီအပတ်ထဲမှာ ဖြစ်လာတာနဲ့ပတ်သက်လို့ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က အဓိကထား ဆွေးနွေးတင်ပြ သွားမှာဖြစ်ပါတယ်။ ခေတ်မျက်လုံး YouTube ချန်နယ်ကနေ မြန်မာစံတော်ချိန် ည (၇) နာရီခွဲမှာ စတင်ပြီး ဆွေးနွေးတင်ပြကြမှာဖြစ်လို့စောင့်မျှော် ကြည့်ရှုနိုင်ရန် အသိပေးအပ်ပါတယ်ခင်ဗျား။
https://www.youtube.com/@eraseyechannel
ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
