နိုဝင်ဘာလ (၁၈)ရက်။
ဒီကနေ့ ညနေ (၆)နာရီ (၁၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ လှည်းကူးမြို့ရှိ ဇရပ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ လှည်းကူး ဇရပ်ကွင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးမှာ ပျူတွေရောက်နေတဲ့အချိန် ပြင်းအားမြင့်မိုင်း (၂)လုံးနဲ့ တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ ပျူခွေးနှစ်ကောင် လေပေါ်ပျံသွားတာ မြင်ရတယ်” လို့ ဆိုပါတယ်။
လှည်းကူးမြို့ ဇရပ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အစွမ်းကုန် ကူညီပေးနေကာ ပျူစောထီးတွေ ရောက်နေချိန် ပြင်းအားမြင့်မိုင်း (၂)လုံးနဲ့ ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖြစ်စဉ်ထဲ ပျူစောထီး (၂)ဦး ထိမှန်ခဲ့တာကို မျက်မြင်တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ထားပြီး အဲ့ဒီစစ်ဆင်ရေးကို Yangon Army(YA)နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေအပါအဝင် တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါဝင်နေသူတွေကို အပြင်းအထန် ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။








