နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာမှာ ကျားဖြန့်တွေဟာ ထိုင်းနိုင်ငံကနေ အများဆုံးရောက်လာတာလို့ စစ်တပ်ပြော

နိုဝင်ဘာလ (၁၉)ရက်။

မြန်မာနိုင်ငံထဲ ရောက်လာတဲ့ ကျားဖြန့်နိုင်ငံခြားသား ၉၉ ဒသမ ၅ရာခိုင်နှုန်းက ထိုင်းနိုင်ငံဘက်ကနေ လာတာလို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ဒီနယ်မြေမှာ အွန်လိုင်းလောင်းကစားတွေ၊ အွန်လိုင်းလိမ်လည်တာတွေ လုပ်ဆောင်တဲ့ နိုင်ငံခြားသားတွေ ဘယ်လိုရောက်လာလဲဆိုတာ ရှင်းပြပြီးဖြစ်ပါတယ်။ အဲ့ဒီကို ရောက်လာတဲ့ အွန်လိုင်းလိမ်လည်တဲ့ နိုင်ငံခြားသား ၉၉ ဒသမ ၅ရာခိုင်နှုန်းက တဖက်နိုင်ငံကနေတဆင့် မြန်မာနိုင်ငံထဲ ကူးပြောင်းရောက်လာတာ” လို့ ဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းတွေဟာ မြဝတီ‌မြို့တောင်ဘက်ရှိ KK Park နယ်မြေ၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်နယ်မြေနဲ့ တောင်ဘက်အစွန်ဆုံးရှိ ကျောက်ခတ်နယ်မြေတို့မှာ လုပ်ဆောင်နေတာလို့ သိရပါတယ်။

အဲ့ဒီအထဲ KK Park မှာ မုလအိအလင်းကုမ္ပဏီနဲ့ Tran-Asia International Holding Group(Thailand)၊ ရွှေကုက္ကိုလ်မှာ Myanmar Yatai International Holding Group ကုမ္ပဏီနဲ့ ကျောက်ခတ်‌နယ်မြေမှာ Chongkhaed Garden Resort ကုမ္ပဏီတို့ ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး အဲ့ဒီနယ်မြေတွေမှာ အခြေခံလူနေထိုင်မှု ရေ၊ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး စတာတွေဟာ ထိုင်းနိုင်ငံဘက်ကနေ ရရှိတာဖြစ်ပြီး ကန့်ကွက်တာတွေကြောင့် ပိတ်ပင်တာတွေ ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် KK Park နယ်မြေမှာ ဖောက်ခွဲဖြိုချခဲ့တာမှာ ထိုင်းနိုင်ငံဘက်ကို အစအနတွေ ကျခဲ့တယ်ဆိုကာ ကန့်ကွက်တာတွေ ရှိခဲ့တဲ့အပေါ် ဇော်မင်းထွန်းက ဗီဒီယိုမှတ်တမ်းတခုနဲ့ ပြန်လည်ငြင်းဆိုထားပါသေးတယ်။

အခုလို ကျားဖြန့်နှိမ်နင်းရာမှာ အမေရိကန်နိုင်ငံက အဖွဲ့ဖွဲ့ပြီး မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာ (၂)ခုကို စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားတာကိုလဲ မြေပြင်မှာ မတွေ့ရဘူးလို့ သူက ထည့်သွင်းပြောဆိုထားပါတယ်။

အမေရိကန်အနေနဲ့ မြန်မာက ကျားဖြန့်နေရာတွေကို တိုက်ဖျက်ဖို့ ဘန်ကောက်ကို FBI Agent တွေ စေလွှတ်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့တာတွေဟာ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ထက် Hidden Agenda နက်နဲတဲ့ လျှို့ဝှက်ချက် ရည်ရွယ်ချက်တခုရှိနိုင်တယ်ဆိုပြီး ဇော်မင်းထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့