နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ MDY-PDF အဖွဲ့ဝင်တွေကို ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

ဖေဖော်ဝါရီလ (၂၀)ရက်။

မန္တလေးမှာ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေကို သတ်ဖြတ်ခဲ့တဲ့ MDY-PDF အဖွဲ့ဝင် အမျိုးသား (၆)ဦးကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇန်နဝါရီလ (၂၆)ရက်နေ့က မန္တလေး ချမ်းမြသာစည်မြို့နယ်က စစ်ကောင်စီရာအိမ်မှူးတစ်ဦး ရှင်းလင်းခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်ကို စစ်ဆေးခဲ့ရာ ဖေဖော်ဝါရီလ (၂)ရက်နေ့က ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်မှာ အမျိုးသား (၂)ဦးကို ဖမ်းမိခဲ့ပြီး ထွက်ဆိုချက်တွေအရ (၄)ဦးကို ထပ်မံဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ အမျိုးသား (၆)ဦးဟာ အသက် (၂၀)နှစ်အရွယ်ကနေ (၅၀)နှစ်အရွယ်ကြားရှိသူတွေဖြစ်ပြီး ဖမ်းမိချိန် သေနတ် (၄)လက်၊ ၉မမကျည် (၁၈)တောင့်နဲ့ လက်ပစ်ဗုံး (၁၃)လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်မှာ MDY-PDF ရင်း(၅) ရင်းမှူးဖြစ်တဲ့ မင်းသန့်ကျော်(ခ)ဝင်းထွန်း(ခ)ဖောင်းဒိုင်းက စေခိုင်းတာကြောင့် မန္တလေးနဲ့ စဉ့်ကိုင်တို့မှာ ကျူးလွန်ခဲ့ကြတာလို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးရမိခဲ့သူတွေကို ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတိုင်း ထိရောက်စွာ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပြီး ဆက်စပ်တရားခံတွေ ဖမ်းမိဖို့ သတင်းပေးတိုင်ကြားဖို့နဲ့ ဖမ်းဆီးပေးသူတွေကို ဆုငွေချီးမြှင့်သွားမယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာမြိုအဝင်ရှိ စစ်ကောင်စီမအူဂိတ်စခန်းရဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ဖေဖော်ဝါရီလ (၁၉)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်က မုံရွာမြိုအဝင်ရှိ စစ်ကောင်စီရဲ့ မအူဂိတ်ကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်အရ
မြန်မာသတင်း

မင်းလှမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတစ်ဦး တပြိုင်ထဲ ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က ည(၇)နာရီ (၄၀)မိနစ်အချိန်က မင်းလှမြို့ ဆားချောင်းရွာက အုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဒုတိယအကြိမ် ဓါးပြထပ်တိုက်ခံရ၊ ကျပ်သိန်း(၁၅၀၀)ခန့်ပါသွားခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 1 Views
ဖေဖော်ဝါရလ (၂၁)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီဝန်းကျင်ခန့်က မန္တလေး မဟာအောင်မြေမြို့နယ်ရှိ KBZ ဘဏ်ခွဲ(၃၇)မှာ ဓါးပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ နေ့ခင်းကြီးကို လူစည်တဲ့နေရာ ဗောဓိကုန်းက KBZ ဘဏ်ခွဲ(၃၇) ဓါးပြတိုက်ခံရတာ၊
မြန်မာသတင်း

ပွင့်ဖြူမြို့အဝင်အနီးက စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ 

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 1 Views
စစ်ရေးတင်းမာနေတာကြောင့် စံပြ-ဆည်တော်လမ်းပိုင်း အသုံးမပြုဖို့ အသိပေး ဖေဖော်ဝါရီလ (၂၁)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က ပွင့်ဖြူမြို့ ဝါးစိုက်ပျိုးရေးတပ်ရဲ့ ရှေ့တန်းဂိတ်ဖြစ်တဲ့ ကျစ်ကိုင်းစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျစ်ကိုင်းစစ်ဆေးရေးဂိတ်က ပွင့်ဖြူမြို့အဝင်
မြန်မာသတင်း

ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၂၀၀)ကို စစ်ကောင်စီ ပြန်လည်လွှဲပြောင်းခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား (၂၀၀)ဦးကို သက်ဆိုင်ရာနိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာနိုင်ငံထဲ နယ်စပ်လမ်းကြောင်းတွေကတဆင့် တရားမဝင် ဝင်ရောက်လာပြီး မြဝတီ-ရွှေကုက္ကိုလ်နဲ့ KK Park တို့မှာ
မြန်မာသတင်း

ချောင်းဦးမြို့မှာ စစ်ကောင်စီအထိုင်စခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ချောင်းဦးမြို့ နတ်ရေကန်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force(Local PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ချောင်းဦးမြို့နယ်ထဲက
မြန်မာသတင်း

ပေါက်တောမြို့ တမြို့လုံးနီးပါး လေကြောင်းဗုံးကြဲခံရပြီး ပြည်သူ (၄)ဦးသေဆုံးကာ (၁၇)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲဝန်းကျင်ခန့်က ပေါက်တောမြို့ကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနေ့က နေ့ခင်း(၁)နာရီခွဲလောက် ပေါက်တောမြို့ တမြို့လုံးနီးပါးကို အကြမ်းဖက်စစ်ကောင်စီက Y-12
မြန်မာသတင်း

ရန်ကုန်မှာ ရဲစခန်းအပါအဝင် စစ်ကောင်စီနေရာအချို့ တပြိုင်ထဲ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က ရန်ကုန်တိုင်း လှိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့တို့ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီနေရာအချို့ကို တပြိုင်ထဲ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ မနေ့က ည (၁၀)နာရီခွဲဝန်းကျင်လောက်မှာ လှိုင်က