နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို စုစုပေါင်း (၁၁၀၀၀၀)ကျော်ရရှိခဲ့

ဇွန်လ (၂၀)ရက်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို စုစုပေါင်း (၁၁၀၁၀၀)အထိ ရရှိခဲ့တယ်လို့ SUU 80th Birthday Campaign ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့ကကျရောက်တဲ့ အမေ့ရဲ့ မွေးနေ့မှာ အမေ့အတွက် မွေးနေ့ဆုတောင်း စုစုပေါင်း (၁)သိန်းကျော်ကို ရရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် SUU 80TH BIRTHDAY Campaign ကို အောင်မြင်စွာပိတ်သိမ်းကြောင်း ကြေညာပါတယ်” လို့ ဆိုပါတယ်။

‌ဇွန်လ (၁၉)ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ မွေးနေ့ဆုတောင်းရုပ်သံ (၈၀၀၀၀)ကျော်နဲ့ ဂင်းနစ်စ်မှတ်တမ်းတင်နိုင်ဖို့ စီစဉ်ခဲ့တာမှာ သတ်မှတ်ရက်မတိုင်ခင် တရက်အလိုမှာပဲ အရေအတွက် ပြည့်မီသွားခဲ့တာပါ။

မွေးနေ့ဆုတောင်းရုပ်သံ (၈၀၀၀၀) ရရှိဖို့အတွက် အဲ့ဒီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းလဲ ပါဝင်ခဲ့လို ‌မွေ့နေ့ရက်မှာ “ ၈” ဂဏန်းပါတဲ့ လှုပ်ရှားမှုတွေ ဆင်နွှဲဖို့ နှိုးဆော်ခဲ့ကြတာပါ။

အခု ရရှိလာတဲ့ ဗီဒီယိုဖိုင်ကို ဂင်းနစ်စ်တာဝန်ရှိသူတွေထံ တင်ပြသွားမှာဖြစ်ပြီး စိစစ်တာတွေပြုလုပ်သွားမှာဖြစ်သလို အချိန်ကာလ အနည်းငယ်ကြာနိုင်ကာ အပြီးသတ် စိစစ်ပြီးပါက လက်ခံအတည်ပြုတဲ့ ဗီဒီယိုအရေအတွက် ရလဒ်ပြန်ထွက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

အရင်က မွေးနေ့ဆုတောင်းရုပ်သံ (၃၂၀၀၀)ကျော်နဲ့ အိန္ဒိယနိုင်ငံက ဘာသာရေးခေါင်းဆောင်တဦးက ဂင်းနစ်စ်မှတ်တမ်းတင်နိုင်ခဲ့ရာ အခုအရေအတွက်ဟာ အဲ့ဒီစံချိန်ထက် (၃)ဆကျော် များပြားခဲ့ပြီး မှတ်တမ်းဝင်နိုင်ဖို့ သေချာနေပြီလို့ စီစဉ်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငဖဲမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 13 Views
ဇူလိုင်လ (၁၉)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန် ငဖဲမြို့နယ် နောင်ကျေးရွာပေါ်ကို ဒရုန်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

အာဇာနည်နေ့မှာ ပုလောမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 20 Views
ဇူလိုင်လ (၁၉)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က ပုလောမြို့၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ မိမ္မမြို့ရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပုလော-PDF ရဲ့
မြန်မာသတင်း

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အိပ်မက်ဟာ ဒီကနေ့အထိ စစ်အာဏာရှင်စနစ်အောက်မှာ နစ်မွန်းနေဆဲလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 16 Views
ဇူလိုင်လ (၁၉)ရက်။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အဓိကမျှော်ရည်ချက်ဟာ တိုင်းရင်းသားတွေအားလုံးပါဝင်ပြီး တောင်တန်းနဲ့ မြေပြန့်မခွဲဘဲ လွတ်လပ်ရေးရရှိဖို့၊ အမျိုးသားတန်းတူရေး၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေ ပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသစ်တရပ် တည်ထောင်ဖို့ဖြစ်တယ်လို့ NUG ရဲ့ ဒီကနေ့ (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို
မြန်မာသတင်း

စစ်ခေါင်းဆောင် ရန်ကုန်ရောက်ချိန် ‌မင်္ဂလာဒုံရှိ လေကြောင်းအတတ်သင် သင်တန်းကျောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 15 Views
ဇူလိုင်လ (၁၉)ရက်။ မနေ့က ည(၇)နာရီကျော်အချိန်က မင်္ဂလာဒုံမြို့ရှိ စစ်ကောင်စီရဲ့ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညက (၇)နာရီ (၁၅)လောက်
မြန်မာသတင်း

ရန်ကုန်မှာပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် တက်ရောက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 12 Views
ဇူလိုင်လ (၁၉)ရက်။ ဒီကနေ့ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို ဒုစစ်ခေါင်းဆောင် စိုးဝင်းသာ တက်ရောက်ခဲ့ပြီး အခုနှစ်မှာ စစ်ခေါင်းဆောင်
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 17 Views
ဇူလိုင်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၈)မိနစ်အချိန်က ကျောက်မဲမြို့ အထက်ကြူရှောရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အထက်ကြူရှောရွာကို
မြန်မာသတင်း

မြန်မာ-ထိုင်းနယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံကို KNU ထိန်းချုပ်ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 12 Views
ဇူလိုင်လ (၁၈)ရက်။ မြန်မာ-ထိုင်းနယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံကို KNU က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KNU ရဲ့ ထိန်းချုပ်နိုင်မှုဟာ
မြန်မာသတင်း

ခရိုနီ ဦးတေဇရဲ့သမီးအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းက အွန်လိုင်းဝက်ဆိုဒ်ကနေ ပြန်ဖယ်ရှား

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 23 Views
ဇူလိုင်လ (၁၈)ရက်။ ခရိုနီ ဦးတေဇရဲ့သမီးဖြစ်သူ ရေချယ်တေဇအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue Italia က အွန်လိုင်းဝက်ဆိုဒ်ကနေ ဖယ်ရှားခဲ့တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့