နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ဆို

ဇွန်လ (၂၀)ရက်။

ပြည်သူ‌နဲ့အတူ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မနေ့က ‌ပေးပိုးတဲ့ မွေးနေ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ပြည်သူနဲ့အတူ သူမရဲ့ သက်တမ်းတလျှောက် ခိုင်မာစွာ ရပ်တည်ခဲ့တဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးနဲ့လဲ ထပ်တူထပ်မျှ ရပ်တည်နေတာကို ခိုင်ခိုင်မာမာ ယုံကြည်တယ်” လို့ ဆိုပါတယ်။

အခုအခါ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လူထုခေါင်းဆောင်နဲ့ တော်လှန်ရေးကြီးကို ခွဲထုတ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာကို တွေ့ရှိရတယ်လို့ သူက ပြောဆိုထားပါတယ်။

နောက်ပြီး နိုင်ငံတကာ ကိုယ်စားလှယ်အသီးသီး၊ ခေါင်းဆောင်အသီးသီးကို လူထုခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ခွင့်မပြုတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထု တော်လှန်ရေးကြီးတစ်ခုလုံးအပေါ် သက်ရောက်နိုင်စွမ်းကို အကြမ်းဖက်စစ်အုပ်စုက အင်မတန်ကြောက်ရွံတာ‌ကြောင့်သာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ပြည်သူနဲ့ အမြဲအတူရှိတဲ့ လူထုခေါင်းဆောင်ဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေနဲ့ အပြည့်အဝ ရပ်တည်နေတာကြောင့်သာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဘယ်သူနဲ့မှ တရားဝင် တွေ့ဆုံခွင့်မပေးရဲတာလို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် သဝဏ်လွှာထဲ သားငယ် ကိုထိန်လင်း ဦးဆောင်တဲ့ SUU 80TH BIRTHDAY CAMPAIGN ရဲ့ ကြိုးပမ်းအားထုတ်တာတွေကို ဂုဏ်ပြုပြောဆိုထားကာ ပြည်သူပို့သတဲ့ မေတ္တာတရားကို မွေးနေ့ရှင်ကိုယ်တိုင် ခံစားရရှိပြီး မွေးနေ့ဆုတောင်းဗီဒီယိုတွေကိုလဲ ကိုယ်တိုင်ကြည့်ရှု့ခံစားရမယ့်နေ့ရက်တွေ မနှေးအမြန် ရောက်ရှိတော့မယ်လို့ ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေးရှိနေသရွေ့ လူထုခေါင်းဆောင်ရဲ့ အခန်းကဏ္ဍလဲ အရေးကြီးတဲ့ကဏ္ဍတခုအနေနဲ့ ဆက်ရှိနေမှာဖြစ်ပြီး NUG အနေနဲ့လဲ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးကြမ်းကို ပြည်သူတရပ်လုံးရဲ့ အသက်သွေးချွေးတွေ၊ စွန့်လွှတ်အနစ်နာခံတာတွေနဲ့ တီထွင်ကြံဆ အားထုတ်ကြိုးပမ်းတာတွေနဲ့အတူ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ‌အမြန်ဆုံးလွတ်မြောက်ဖို့ သဝဏ်လွှာထဲ ဆုတောင်းထားကာ မြန်မာ့မြေပေါ်ကနေ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပပျောက်သွားတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ သန္နိဋ္ဌာန်ပြု ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဖောင်းပြင်မြို့ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းနဲ့ အကြိမ်(၅၀)ထက်မနည်း တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 18 Views
ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်ကစပြီး ည (၁၀)နာရီကျော်အချိန်အထိ ဖောင်းပြင်မြို့ရှိ
မြန်မာသတင်း

ရွာငံတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဗိုလ်(၁)ဦးအပါအဝင် (၁၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 18 Views
တိုက်ပွဲထဲ ပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့် စစ်ရေးရည်မှန်းချက်တွေ မလုပ်ဆောင်နိုင်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ရွာငံမြို့ ကျောက်ငှက်-အုတ်တွင်းလမ်းပိုင်းမှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ Danu PDF(၁၀၀၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ကို
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်ဆိုပြီး စစ်ကော်မရှင်ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်လို့ မနေ့က စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာ စစ်ကော်မရှင်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို မပို့ခင် စုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေကို တွေ့ရတာကြောင့်
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 36 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့ ပြည်သူတွေအနေနဲ့
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 33 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “