နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

လှိုင်သာယာမြို့မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသား (၂)ဦးကို စစ်တပ်ဖမ်းဆီးခဲ့

စက်တင်ဘာလ (၂၀)ရက်။

စက်တင်ဘာလ (၁၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား (၂)ဦးဟာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရှိ အမှတ်(၆)ရပ်ကွက်မှာနေတဲ့ အသက် (၂၄)နှစ်အရွယ် အောင်ရဲထွဋ်(ခ)ရဲထွဋ်နဲ့ (၂၃)နှစ်အရွယ် ရန်နိုင်ကြည်ဝင်း(ခ)ရန်နိုင်(ခ)အကြီးကောင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ လှိုင်သာယာအရှေ့ပိုင်း၊ ရွှေလင်ဘန်းရွာရှိ ကျန်စစ်သားလမ်းနဲ့ ဦးဖိုးလှိုင်လမ်းထောင့်က လမ်းညွှန်ဆိုင်းဘုတ်မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်တဲ့စာပါတဲ့ စတေကာတွေကို ကပ်ထားတာကြောင့်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစတေကာဟာ ရွေးကောက်ပွဲကို ဆန့်ကျင်လှုံ့ဆော်ဖို့ ရေးသားထားကာ အနက်ရောင်မဲပုံးပေါ်မှာ ကျည်ဆန်ပုံသဏ္ဍာန်တွေပါ ကပ်ထားတာဖြစ်ပြီး လှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ဖမ်းဆီးခံရတဲ့ အမျိုးသား (၂)ဦးဟာ ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ စက်တင်ဘာလ (၁၃)ရက်နေ့က လှိုင်သာယာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်က နေရာ (၁၀)ခုမှာ လှုံ့ဆော်စာတွေ ကပ်ခဲ့တယ်ဆိုပြီး ထွက်ဆိုခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်က ဖမ်းမိခဲ့တဲ့ အမျိုးသား (၂)ဦးကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃(က)နဲ့ အမှုဖွင့်ထားပြီး အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့လဲ ထည့်သွင်းပြောဆိုထားပါတယ်။

စစ်တပ်ဟာ သူတို့အကျိုးစီးပွားအတွက် ပြုလုပ်မယ့် ရွေးကောက်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေသလို နှောင့်ယှက်ဟန့်တား‌တာတွေမရှိအောင် ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေ ပြဋ္ဌာန်းထားတာပါ။

အဲ့ဒီဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်မှာ စစ်တပ်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်ပြောဆိုသူတွေကို ဖော်ထုတ်အရေးယူတာတွေရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 23 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့