ဒီဇင်ဘာလ (၂၀)ရက်။
မနေ့က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စဉ့်ကူးတမြို့လုံးကို ပြန်လည်းသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာတို့ကို ပြန်လည်သိမ်းပိုက်ရရှိဖို့ စစ်ကြောင်းတွေခွဲပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီစစ်ဆင်ရေးထဲ စစ်တပ်က လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြီး/ငယ် (၅၀)ကြိမ်ဖြစ်ပွားခဲ့ပြီး အရာရှိနဲ့ တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာတို့မှာ အရပ်သားတွေ ပြန်လည်နေထိုင်ဖို့နဲ့ အုပ်ချုပ်ရေးယန္တရားတွေ အမြန်ဆုံး ပြန်လည်ပတ်နိုင်ဖို့ နယ်မြေလုံခြုံရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်။
စစ်တပ်က စဉ့်ကူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ ကျေးရွာအချို့သာ ကျန်ရှိတော့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
တော်လှန်ရေးတပ်တွေဟာ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြိုတို့ကို တနှစ်နီးပါးကြာ ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် အခုနှစ်ပိုင်းထဲမှာတော့ ပြန်လည်လက်လွှတ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။








