နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၁၇)ဦးသေကာ (၂၀)ဦးဒဏ်ရာရခဲ့

မတ်လ (၂၁)ရက်။

ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ တပ်မ(၁၀၁)က အင်အား (၂၀၀)ခန့်ရှိ စစ်ကောင်စီတပ်ကို ခြုံခိုစောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တပ်မ(၁၀၁)က အင်အား (၂၀၀)လောက်နဲ့ မြောင်မြို့နယ်ထဲ စကစတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာ။ အဲ့ဒီစစ်ကြောင်းကို နေ့လယ် (၁၂)ခွဲလောက် မြောင်မြို့နယ်က အပြန် လမ်းခုလတ်မှာ ခြုံခိုစောင့်ဆိုင်းပြီး သတ်ကွင်းထဲမှာ လက်နက်ကြီးငယ်‌တွေ ဒရုန်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။

မြောင်မြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို အပြန် လမ်းခုလတ်တနေရာမှာ ကာကွယ်ရေးရဲဘော်တွေက ခြုံခိုစောင့်ဆိုင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် Fixed Wing ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲဟာ (၂)နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က (၁၀)ဦး သေဆုံးခဲ့ပြီး (၂၇)ဦး ထိခိုက်ဒဏ်ရာတွေ အများအပြားရရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေထဲ (၇)ဦး ထပ်မံသေဆုံးခဲ့ကာ စစ်သုံ့ပန်း (၇)ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီဘက်က Su-30 တိုက်ခိုက်ရေးယာဥ်နဲ့ Rocket (၂)လုံး ပစ်ချခဲ့ကာ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ Rocket (၄)လုံး ပစ်ချခဲ့ပြီး ပွိုင့် (၅)နဲ့ ပစ်ကူခဲ့သလို ရေစကြိုမြို့ ထုတ်နှုတ်တပ်ဖြစ်တဲ့ ထွေ/အုပ်ရုံးက ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး တိုက်ပွဲထဲ မဟာမိတ်တပ်ပေါင်းစုတွေဘက်က (၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်) ရရှိခဲ့ပြီး စစ်ကောင်စီထံက ၆၀မမ စိန်ပြောင်းတစ်လက်၊ MA-10 တစ်လက်၊ MA-3 တစ်လက်၊ G-3 တစ်လက်နဲ့ ဒရုန်းတစ်စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ကလဲ စစ်ကောင်စီတပ်သားတွေ မြောင်မြို့နဲ့ ရေစကြိုနယ်အစပ် ကျွန်းခုံပေါ်ကို ရောက်ရှိချိန် မဟာမိတ်တပ်ပေါင်းစုတွေက လက်နက်ကြီးတွေနဲ့ လိုက်လံပစ်ခတ်ရာ ဖရိုဖရဲဖြစ်ပြီး နောက်ဆုတ်သွားတယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း
နဲ့အတူ စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း-MSPDF၊ကျေးရွာတပ်ပေါင်းစု(Myaung)၊ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ စစ်ကိုင်းခရိုင် Drone တပ်ရင်း၊စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း၊ စစ်ကိုင်းခရိုင်အမှတ်(၅)တပ်ရင်း၊ 9 Brothers၊ 11 Brothers၊ CDSOM၊ သွေးသောက်(ရေစကြို)၊ ဒေါင်းစစ်သည် ပြောက်ကြားတပ်ဖွဲ့၊ RBDF၊ Black Tiger၊ ဒေါင်းညီနောင်၊ ဇုန် (၆)ဇုန်၊ ဦးမန်း ဦးဆောင်တဲ့ ဒရုန်းအဖွဲ့၊ တလုပ်PDF၊ Wolf Brothers နဲ့ MRF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 9 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 12 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 8 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 10 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 24 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 22 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 28 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက်